Part 28

313 21 1
                                    

(Unicode)

"နွယ်....နင် ဘာအချိုးချိုးတာလဲ"

"မာမီ နိုးလာပြီပဲ"

"ညဉ့်ဦးရော ဘယ်ရောက်သွားပြီလဲ၊ နင်အဲ့ကလေးကို ပြန်လွှတ်ပေးလိုက်တာမလား၊ ဟိုကောင်လေးကလည်း ပြင်ဦးလွင်မှာပဲ ရှိနေသေးတာ၊ နင့်သားတစ်ယောက်လုံး ရန်ကုန်ကို အဲ့ကောင်လေးနဲ့ပြန်ပါသွားမှာ သိသိကြီးနဲ့ နင်ဘာလို့ ဒီလိုလုပ်ရတာလဲ...ဟမ်၊ ငါက ဒီကလေးဘဝ ရှေ့လျှောက်ကောင်းအောင်လို့ ငါဒီလိုတွေလုပ်နေတာ၊အခုနင်က ပြန်လွှတ်ပေးလိုက်တာ နင့်သားဘဝကို နင်ဖျက်ဆီးလိုက်မှန်း နင်မစဉ်းစားမိဘူးလား"

"ဘာလို့ သမီးရဲ့သားဘဝက ပျက်ဆီးရမှာလဲ မာမီ၊ မာမီလုပ်တဲ့လုပ်ရပ်ကရော အဘွားတစ်ယောက်က မြေးအရင်းကို လုပ်ရမယ့်လုပ်ရပ်လား၊ မာမီရယ် ဘာတွေ လျှောက်လုပ်ထားတာလဲ သမီးတို့ကိုခရီးသွားခိုင်းပြီးတော့၊ကိုယ်ဖြစ်ချင်တာပဲ မကြည့်ပါနဲ့ မာမီရယ်၊ မာမီ ဖြစ်ချင်တာပဲ ကြည့်ခဲ့လို့ အတိတ်မှာ ဘာဖြစ်ခဲ့လဲ ဘာကိုဆုံးရှူံးခဲ့ရလဲဆိုတာ သမီးတို့အသိဆုံးပဲ"

"အဲ့တုန်းက ငါအချိန်မီ မတားနိုင်ခဲ့လို့၊ငါမျက်နှာလွှဲခဲ့လို့ ငါဆုံးရှူံးခဲ့ရတာ၊ အခု ငါ့မြေးလေး...သူ့ကိုတော့ ငါရအောင် တားချင်တယ်၊ သူ့ဘဝလေးကို သာမန်လိုပဲ ငါအခြေကျစေချင်လို့ ငါမလုပ်ချင်ဘဲ လုပ်ခဲ့တာ"

"ဒါပေမယ့် မာမီမှားတယ်လေ၊ တကယ်တော့ မာမီက
မာမီ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လုပ်နေတာပဲ၊အရင်တုန်းကလည်း လုပ်ခဲ့သလို အခုလည်းလုပ်နေတုန်းပဲ၊အမှန်ဆို နှိုင်းကဗျာဆိုတဲ့ ကလေးမလေးရဲ့ မိဘတွေပြောတဲ့အတိုင်း မာမီ ဘာမှလျှောက်လုပ်ပေးနေစရာ မလိုဘူး၊ မာမီ ကြောက်နေတာမလား၊သူတို့က အရင်တုန်းက သမီးတို့မိသားစုမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြီးကို အစအဆုံးသိနေတော့ ဖော်ထုတ်လိုက်မှာကို ကြောက်နေလို့ မာမီ ဒီလိုလုပ်တာမလား"

"......."

"အသက်တွေလည်း ကြီးလာပြီ မာမီရယ်၊ ဒီဂုဏ်တွေသိက္ခာတွေကိုမက်ပြီး အတ္တတွေကြီးမနေပါနဲ့တော့၊  အတိတ်ကဖြစ်ခဲ့တဲ့ အမှားလိုမျိုး ဆက်ပြီးမဖြစ်ချင်ပါနဲ့တော့၊သမီးရဲ့သားလေးကိုတော့ ငယ်လေးတို့ကြုံရသလိုမျိုး မဖြစ်စေချင်ဘူး၊သူ့ကို စိတ်ချမ်းသာစေချင်တယ်၊အဲ့တာကြောင့် သမီးကိုယ်တိုင် ဟိုကလေးလက်ထဲကို ထည့်ပေးလိုက်တာ၊ နှိုင်းကဗျာမိဘတွေကိစ္စက ဘာပြဿနာမှဆက်မရှိ‌တော့ဘူး၊ တေးသံ သွားရှင်းပြီးပြီ၊သူတို့မာမီ့ကို ထပ်ပြီး ခြိမ်းခြောက်ဖို့ စိတ်ကူးလာရင်လည်း သူတို့နစ်နာမှာရှိတဲ့အတွက် ရှေ့လျှောက်ငြိမ်နေတော့မှာပဲ"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now