"ကလေး..."
ကားပေါ်မှာကတည်းက မျက်နှာလေးညိှုးကာ သူ့ဖက်ကို လှည့်၍ပင် မကြည့်သော Gulfအား ကြည့်ကာ Mewသက်ပြင်းချမိသည်။
Gulfကတော့ သူ့အားလှည့်ပင်မကြည့်။
ကားပေါ်မှ ဆင်းသည်နှင့် ဘောက်ဆတ်ဆတ်
နှင့်ပင် အိမ်ထဲဝင်သွားလေသည်။"ဒီကလေးနဲ့တော့ ခက်တာပဲ"
Mew ခေါင်းကိုသာ တဖြင်းဖြင်းကုတ်ရင်း
Gulfနှင့် အမှီလိုက်ဝင်လာခဲ့သည်။"Yai Nong....."
သံရှည်လေးဆွဲကာ ချွဲချွဲပစ်ပစ်ခေါ်ရင်း
အနောက်ကနေ ခါးကို သိုင်းဖက်လိုက်လေ
တော့ ထိုကောက်စိန်လေးက လက်ကို
ပြန်ဖြုတ်ချကာ သူ့အား ဘုကြည့်ပြန်ကြည့်ရင်း.."ဘာဖြစ်တယ်..Yai Nong~~~
ဟုတ်လား!""ကလေးကလဲ.."
ရွဲ့တဲ့တဲ့နှင့် ဆူပုတ်ကာ ပြောနေသော
Gulfကိုကြည့်ရင်း Mewဘယ်လိုပြန်ချော့ရမလဲသာ အသဲအသန် စဥ်းစားနေမိသည်။ဖြစ်ပုံက ဒီလိုရယ်..
ဒီမနက်အထိ Live Interviewကြောင့်
Nong Gulfအိမ်သွားခေါ်တော့
လိုက်ကပ်ချွဲနေသေးသည်။
သူ့မှာလည်း ဒီကလေးတစ်ယောက်ပဲ ချစ်စရာလူရှိတာဆိုတော့ တကယ်သဲသဲလှုပ်ပါပဲ။
ဇာတ်လမ်းက Live Interviewတွင် စတော့သည်။ထုံးစံအတိုင်း MCက သူတို့ ဆက်ဆံရေးကို
အတွင်းကျကျတွေမေးရော..
"မင်းတို့နှစ်ယောက်က အခုလက်ရှိမှာ ဘယ်လို ဆက်ဆံရေးရှိလဲ
PhiNong(ညီအစ်ကို)ဆက်ဆံရေးဆိုတာ
အမှန်ပဲလား"ဒီမေးခွန်းမျိုးကို ဖြေခံနီးတိုင်း Gulfက
သူ့ကို အရင်ကြည့်သည်။
ဘယ်တော့မှလဲ စဖြေလေ့မရှိ။
အမြဲလိုလို သူ့ကို ဖြေစေချင်သည့် ပုံနှင့်သာ
ကြည့်နေသည်။သူကလည်း ဒီမေးခွန်းကို ဖြေခံနီးတိုင်း
Gulfလေးမျက်နှာကို အားနာစွာကြည့်ရသည်။"သိပ်ချစ်ရတဲ့ ညီအစ်ကိုပါပဲဗျာ"ဟူသော
အဖြေက ဒီအက်ကြောင်းထပ်နေသော
မေးခွန်း အတွက် အပ်ကြောင်းထပ်နေသော
အဖြေ ဖြစ်ခဲ့ပေမယ့်
ဒီတစ်ခါတော့ ဒီ ကလေး တကယ်စိတ်ဆိုးသွားချေပြီ။"အာ..ညီအစ်ကိုတွေပါ.."
သူ့အဖြေကို သံယောင်လိုက်ရင်း သူ့အား ပြုံး
ကြည့်ရင်း ပြောချလိုက်သော Gulfကြောင့်
သူလဲစိတ်မကောင်းခဲ့ချေ။
ဟန်ဆောင်ပြုံးနေသော ကလေးကို
ကြည့်ရင်း "မင်းအသေချော့ပေတော့ ဆူဖစစစ်ရေ"ဟုသာ တွေးနေမိသည်မှာ
interviewတစ်ခုလုံးကိုပင် စိတ်မကပ်တော့။
ČTEŠ
Our Secret Diary
Romance"သိပ်ချစ်ရတဲ့ ညီအစ်ကို ဟုတ်လား ရယ်စရာတွေ မပြောပါနဲ့ ကျွန်တော်တို့က ချစ်သူတွေ!" "သိပ္ခ်စ္ရတဲ့ ညီအစ္ကို ဟုတ္လား ရယ်စရာတွေ မပြောပါနဲ့ ကျွန်တော်တို့က ချစ်သူတွေ!" #MewGulf #oneshot collection book