Let's Date![Unicode]

1.7K 130 26
                                    

သည်နေ့တွင် ထူးထူးခြားခြားပင်
အအိပ်မက်လှသော Gulfလေးတစ်ယောက်
မနက်အစောကြီးနိုးနေခဲ့သည်။
နိုးနေသည်သာမက ရေချိုးပြီးချိန်၌
ကဏှာမငြိမ်စွာပင် ခုန်ပေါက်နေလေသည်။

ထို့နောက် မနေ့ညက ဇကာတင်ရွေးထားသည့် အဝတ်အစားများအား တစ်ထည်ခြင်းစီပင် ထုတ်ဝတ်ကြည့်ကာ တစ်ယောက်တည်း
ဗြာများနေလေသည်။

အနီလေးကောင်းလား။
အပြာလေးက ပိုသင့်တော်သွားမလား။
အနက်လေးပဲဝတ်လိုက်ရမလား။
စသည်ဖြင့်
အကျီ်များအား ကိုယ်ပေါ်တွင် ကပ်ကြည့်လိုက် ပြန်ချလိုက်၊နောက်တစ်ထည်ယူပြေးကပ်ကြည့်လိုက် ပြန်ချလိုက်နှင့်
အလုပ်ရှုပ်နေသည့်အကြောင်းအရင်းမှာ
Phi Mewနှင့် ချိန်းထားသောကြောင့်ပင်။

အရင်ကလည်း Phi Mewနှင့် ချိန်းနေကြပဲ...
ဒီနေ့ကဘာထူးခြားနေလို့လဲ ဟူ၍ မေးစရာရှိပါသည်။
ဟုတ်ပါသည်။ Phi Mewက မိမိအား နှစ်ယောက်တည်း ဒိတ်လုပ်ရန် ချိန်းထားသော
ကြောင့်ပင်။
မည်သည့် ကင်မရာမန်းမှ အနောက်ကလိုက်လာမည် မဟုတ်သလို မည်သည့်
အစီစဥ်တင်ဆက်သူကမှ မိမိတို့နှင့် ကပ်ပါလာမည်မဟုတ်ပါ။

"Only Mew and Gulf"
Gulfခပ်တိုးတိုးလေးရေရွတ်ကာ မှန်ထဲတွင်
မြင်နေရသော မိမိပုံအား ပြုံးကာပင်
ကြည့်နေမိသည်။
အချစ်ကြောင့် မနက်ခင်းကြီးဟာလည်း
အပြုံးများဝေဆာကာ လှပသွားခဲ့လေသည်။

တီတီ..
ဖုန်းထမြည်သည်မို့ Gulfကြည့်လိုက်တော့
Phi Mewရောက်နေပြီဖြစ်ကြောင်း
စာပို့ထားသည်။

Gulf မိမိကိုယ်ကို ပြီးပြည့်စုံနေအောင်
မှန်ထဲတွင် တစ်ပတ်လှည့်ကြည့်လိုက်သည်။
အဆင်ပြေနေသည်မို့ ဂျင်းအပေါ်ကုတ်လေးအား ဆွဲယူရင်း အိမ်အောက်ဆင်းလာခဲ့သည်။

မနက်စာပြင်နေသော မမက မျက်လုံးလေး
အပြုံးသားနှင့်..

"Ai Gulf..
အစောကြီးဘယ်သွားမလို့လဲ"

မမ၏ စပ်စုသလို အမေးကြောင့် Gulf
ပါးမို့လေးများထင်းနေအောင် ပြုံးပြလိုက်လေသည်။ အထာနပ်သော မမက..

"အမယ်..ငါ့မောင်က စောစောစီးစီး ဘဲနဲ့
ချိန်းတွေ့မယ်ပေါ့"

Our Secret DiaryWhere stories live. Discover now