Just A Hint![Unicode]

2.2K 117 13
                                    

"Ai'Mew..ဘာတွေကြည့်နေတာလဲ.."

ဘေးက သူငယ်ချင်းဖြစ်သူ Aim၏ အပြောကြောင့် Mewတပ်ထားသော နားကြပ်အား
ဖြုတ်ကြည့်လိုက်သည်။

Aimက ဘေးကနေ ပြူးတူးပြဲတဲနှင့် Mew
ကြည့်နေသည်ကိုလိုက်ကြည့်နေသည်မို့
Inကလည်း သူတို့နှစ်ယောက်ကို ထူးဆန်း
သလိုကြည့်နေသည်။

"အမလေး..Ai'Mewရယ် ဘာများ ဒီလောက်
သဲကြီးမဲကြီးကြည့်နေသလဲလို့..
သူ့ကောင်လေး live interviewကိုကြည့်နေတာ.."

Aim၏ ရယ်ကျဲကျဲအပြောကြောင့် In
တစ်ယောက် အဖြစ်သည်းလိုက်တာ ဟူသော
အကြည့်နှင့် Mewအားကြည့်လိုက်သည်။

Mewက ကော်ဖီတစ်ကျိုက်မော့လိုက်ရင်း...

"မင်းတို့ကလည်း..သူကငါ့ပါတနာလေ
သူဘာလုပ်နေတယ်ဆိုတာ ငါသိထားသင့်တာပေါ့.."

"အပိုတွေမပြောနဲ့..မင်းက မျက်စိအောက်က အပျောက်မခံနိုင်အောင် သည်းသည်းလှုပ်
ဖြစ်နေတာလေ.."

Aim၏စကားကို Inက ထောက်ခံသည့်
သဘောနှင့် ခေါင်းညိမ့်ပြရင်း..

"ဟုတ်တယ်..။ မင်းတို့က Aimပြောလဲ
ပြောချင်စရာပဲ။"

"ငါတို့က အလုပ်သဘောပါကွာ။"

အကြောင်းစုံမသိသေးသည့် သူငယ်ချင်းများကို Mewက အက်ကြောင်းထပ်သော အဖြေ
နှင့်သာ ချွေးသိပ်ရန်ကြိုးစားနေပြန်သည်။
ဒါကို အထာနပ်လွန်းသည့် Aimက..

"အမလေး..အလုပ်သဘောမို့လို့ပဲနော်..
အတည်သာဆိုရင် ငါတို့ထိုင်ငိုသွားရလိမ့်မယ်.."

"ဟုတ်တယ်။ မင်းတို့က အရမ်းသိသာတယ်။
အလုပ်သဘော ၊ အလုပ်သဘောဆိုပြီး
ပတ်ဂျင်းထည့်နေတာ..
မင်းတို့ကို ကြည့်တာနဲ့ဘာမှန်း ကလေးက
အစ ခွေးအဆုံးအကုန်မေးပြလို့ရတယ်။
ဒါလား Phi Nong(ညီအစ်ကို).."

Aimနှင့် In၏ အပြောကို Mewမတုန့်ပြန်ဘဲ ခပ်ပြုံးပြုံးသာ နေလိုက်မိသည်။
တကယ်ဆို သူတို့နှစ်ယောက်ဟာ Mewနှင့်
အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်၍
ပြောပြထားချင်မိသော်လည်း Gulfကြောင့်
သည်းခံနေခဲ့ရသည်။
သူ့ကြောင့် Gulfရဲ့တက်လမ်းပိတ်ဆို့သွားမှာ
မျိူး Mewမလိုလားပါ။
ထို့ကြောင့်လည်း Aimနှင့် Inအထိပါ ဖုံး
ကွယ်ထားခဲ့သည်။

Our Secret DiaryWhere stories live. Discover now