Behind the stage![Unicode]

2K 162 18
                                    

"Gulf...."

ကြည်လင်နေသည့်မှန်အတွင်းမှ မိမိပုံရိပ်ကို
စိုက်ကြည့်နေရင်းမှ P'Mewခေါ်သံကြောင့်
သတိဝင်လာသည်။
သတိပြန်ကပ်ချိန် မှန်ထဲတွင် မြင်လိုက်ရသော မျက်ဝန်းထောင့်မှ မျက်ရည်တစ်စွန်း
တစ်စကြောင့် P'Mew မြင်သွားမည်စိုး၍
လက်ကအကျီ်စနှင့် ခပ်မြန်မြန်သုတ်လိုက်သည်။

"ဒီမှာဘာလုပ်နေတာလဲ ကလေး.."

Stage liveတွင် သီချင်းဆိုအပြီး Mewlionsလေးများနှင့် တွေ့လို့ ဓာတ်ပုံရိုက်နေမိချိန်တွင် Gulfက ဘယ်ပျောက်သွားမှန်း
မသိသောကြောင့် Mewလိုက်ရှာနေခြင်းပင်။
နောက်ဆုံးတော့ လူသိပ်မလာသော အဆောက်အအုံအပေါ်ထပ်ရှိ သန့်စင်ခန်း
တစ်ခုတွင် ရှာတွေ့လေသည်။

Gulfနာမည်ခေါ်လိုက်ချိန်တွင် တုန်တက်သွားသော ကျောပြင်လေးက Gulfတစ်ခုခု
ဖြစ်နေကြောင်း ပြနေသည်။
Gulfကို အရိပ်တကြည့်ကြည့် ဂရုစိုက်တတ်သော Mewအတွက် Gulfတစ်ခုခုဖြစ်နေလျှင် သိသာလွန်းသည်။

သူ့အမေးကို မဖြေသေးဘဲ မျက်လုံးကို
အကျီ်စနှင့် ပွတ်သပ်လိုက်သော Gulf
ကြောင့် Mew ခပ်သွက်သွက်ပင် လျှောက်
လာကာ Gulfခါးလေးကို ဖက်၍
မိမိဖက်ကို ဆွဲလှည့်လိုက်သည်။

ခေါင်းကို ငုံ့ကာ ကွယ်ဝှက်ရင်း ဖုံးနေသော်လည်း မြင်ဖြစ်အောင် မြင်မိသွားသော
မျက်ရည်စများ..

"ကလေး..ဘာလို့ငိုနေတာလဲ..ကိုယ့်ကိုပြော"

Gulf ခေါင်းသာ ခါယမ်းပြနိုင်သည်။
အရပ်က မတိမ်းမယိမ်းမို့ Gulfရဲ့
ခေါင်းငုံ့ထားသော မျက်နှာကို Mewမနည်း
လိုက်ကြည့်နေရသည်။

Gulfသည် ပျော်ပျော်နေတတ်သော ကလေးပင်။သူ့ကို ဒီပုံစံနှင့် မြင်ရသည်မှာ ရှား
လှသည်။
သူ့ရှေ့တွင် မျက်ရည်ကျသည် မဆိုထားနှင့်
အပြုံးပင် မပျက်သော ကလေးတစ်ယောက်
ဖြစ်သည်။

အခု သူဖက်ထားသည်ကိုပင် ရုန်းနေသည်က
အားမပါစွာ..
"Gulf..ဘာဖြစ်နေတာလဲကွာ..ကိုယ်စိတ်ပူအောင်"

ရုန်းနေသော Gulfကို Mewလေမတိုးနိုင်
သည်အထိ တင်းတင်းကြပ်ကြပ်ဖက်
ထားလိုက်လေတော့..
Gulf ဆက်မရုန်းတော့ဘဲ Mewပုခုံးပေါ်
ခေါင်းမှီချလိုက်တော့သည်။

Our Secret DiaryWhere stories live. Discover now