Part 13

2.8K 167 3
                                    

Zawgyi

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ ကိုကိုရယ်​ အပိုင်း(၁၃)💞💞💞

Yibo လည်း အခန်းထဲမှထွက်​ အပြင်​သို့ကြည့်​ကာ ​မှောင်​​နေ​သော​ကြောင့်​ မီးဖွင့်​လိုက်​သည်​။
မီးဖွင့်​လိုက်​​တော့ လူသတ်​သမားကမျက်​နှာဖုံးစွတ်​နဲ့ Yibo ကိုလှည့်​ကာ ဓားဖြင့်​ ရှိန်​ထားသည်​။

" ခင်​ဗျားဘာလုပ်​တာလည်း ဘယ်​သူလဲ?"

Yibo လက်​ထဲမှာ ဓားပါ​တော့ ​ကြောက်​မိ​ပေမဲ့ Xiao Zhan ဘာမှမဖြစ်​ရင်​ ပြီး​ရောဆိုပြီး

ခုံ​ပေါ်မှာတင်​ထားတဲ့ ပန်းအိုးကို​ကောက်​ယူကာ

" ​ရှေ့မတိုးလာနဲ့​နော်​ ​ရှေ့တိုးရင်​ ပစ်​​ပေါက်​မှာ​နော်​"

ဓားနဲ့ရှိန်​၍ Yibo နားသို့ တစ်​ဖြည်းဖြည်း တိုးလာကာ Yibo တစ်​​ယောက်​ ပန်​အိုးနဲ့ ပစ်​​ပေါက်​လိုက်​သည်​။

" ခွမ်​..."

လူသတ်​သမား​ခေါင်းကို ထိမိသွားသည်​။
နည်းနည်း​တော့ မူး​နောက်​သွားခဲ့သည်​။

ခေါင်းကိုခါယမ်းကာ Yibo ရှိသို့

ပန်းအိုးကျကွဲသံ ကျယ်​​ပေမဲ့လည်း Xiao Zhan တစ်​​ယောက်​ အခန်းထဲတွင်​ နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေသည်​။

Yibo လည်း Xiao Zhan အခန်း​ရှေ့သို့ လူသတ်​သမားမှုး​နေတဲ့ အချိန်​​ပြေးကာ အခန်းတံခါးကို ထု​လေသည်​။

" ဒုန်း ...ဒုန်း...ဒုန်း"

Xiao Zhan တစ်​​ယောက်​ လုံးဝမနိုး​ပေ။

လူသတ်​သမားလည်း Yibo ရှိသို့ ​ပြေးလာကာ ဓားဖြင့်​လှမ်းထိုး​လေသည်​။

ထိုးတဲ့လက်​ကို Yibo လှမ်းဖမ်း​ကာ အားအင်​ခြင်းကမမျှ​ပေ။
ဓားကို ရင်​ဘက်​မကျရ​အောင်​ ​ဘေးသို့​ရောက်​​အောင်​ အားကုန်​တွန်းလွတ်​ကာ တစ်​ဖက်​က အားကြီး​သော​ကြောင့်​ လက်​​မောင်းရင်းကို ထိသွားခဲ့သည်​။

ရင်​ဝတည့်​ ​ခြေ​ထောက်​နဲ့ကန်​ကာ Yibo တစ်​​ယောက်​ အခန်းကို ထုပြန်​သည်​။

ကိုကို လို့ ​ခေါ်ရင်​ အထဲမှာ ဘယ်​သူအိပ်​​နေတယ်​ဆိုသိသွားမှာ​ကြောက်​လို့ မ​ခေါ်ခဲ့​ပေ။

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ကိုကိုရယ်​..Where stories live. Discover now