Part 34

2.5K 144 5
                                    

Zawgyi
မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ ကိုကိုရယ်​ အပိုင်း (၃၄)💞💞💞

မနက်​​ရော​က်ေ​တာ့ Xiao Zhan တစ်​​ယောက်​အိပ်​ယာက​နေနိုးကာ ကုမ္ပဏီသွားမို့​အောက်​သို့ဆင်းလာခဲ့သည်​။

Yiboက​တော့ မနက်​စာ​လေးပြင်​ကာ ဆိုဖာခုံ​ပေါ်မှာ Xiao Zhan ဆင်းလာမဲ့အချိန်​ကို​စောင့်​​နေရှာသည်​။

Xiao Zhan ဆင်းလာ​ရော...

"ကိုကို ​မောနင်း"

Xiao Zhan ဘာမှပြန်​မ​ပြော​ပေ။

"ကိုကို ထမင်း​စားဖို့ပြင်​ထားတယ်​"

"မစား​တော့ဘူး"

Xiao Zhan လည်း မျက်​နှာ​လေးတည်​ကာ ဘာမှမ​ပြောပဲ ထွက်​သွား​လေသည်​။

Yiboတစ်​​ယောက်​ ဆိုဖာခုံ​ပေါ်​လေးမှာထိုင်​ကာ
မျက်​ရည်​​လေးဝဲကာ စိတ်​မ​ကောင်းဖြစ်​ပြီး ဝမ်​နည်း​နေရှာသည်​။

Xiao Zhan တစ်​​ယောက်​ ညကကိစ္စကို အခုထိ စိတ်​မ​ပြေ​သေး​ပေ။

"ကိုကိုရယ်​ ဘာ​တွေ​ကောက်​​နေရပြန်​ပြီလဲ? ညကကိစ္စမ​ကျေနပ်​​သေးဘူးလား?"

Xiao Zhan တစ်​​ယောက်​ ကုမ္ပဏီ​ရောက်​လို့ သူ့ရုံးခန်းထဲသို့
မြင်​သမျှအရာ စိတ်​တို​နေမိသည်​။

"ကိုယ့်​အလုပ်​ကိုလုပ်​ ဘာလို့စကား​တွေများနာလဲ?"

"ဟုတ်​ကဲ့ သူ​ဌေး"

"ဟဲ့..ဒီ​နေ့ဘာဖြစ်​​နေတာလဲ ငါတို့သူ​ဌေး"

"​အေး​နော်​..တစ်​ခါမှလည်း စိတ်​မတိုဖူးဘူး"

ဝမ်​ချင်းတစ်​​ယောက်​လည်း ရုံးခန်းထဲက​နေ Xiao Zhan အလာကို​စောင့်​​နေရှာသည်​။

Xiao Zhan လည်းသူ့ရုံးခန်းထဲသို့ လာကာ။

"Xiao Zhan ပြဿနာ​တော့ စပြီ"

"ဘာလဲဝမ်​ချင်း"

"ငါတို့ ကုမ္ပဏီက အသား​ခြောက်​အတု​တွေထဲ မူးယစ်​​ဆေးဝါး​တွေပါ ထည့်​ပြီးတင်​သွင်း​နေတယ်​ဆိုပြီး သတင်း​တွေထွက်​​နေတယ်​။ အဲ့တာ ရဲ​တွေလာစစ်​မယ်​တဲ့။ ပြီး​တော့ တစ်​ဖက်​ကိုပို့တဲ့ ကုန်​ပစ္စည်း​တွေကလည်းအတု​တွေဖြစ်​​နေတယ်​။ လုပ်​ငန်းရှင်​​တွေကမနက်​ဖြန်​အစည်းအ​ဝေးလုပ်​ပြီး​ဖြေရှင်း​ပေးပါတဲ့ မ​ဖြေရှင်း​ပေးရင်​ တရားဆွဲမယ်​တဲ့"

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ကိုကိုရယ်​..Where stories live. Discover now