Part25

2.4K 158 4
                                    

Zawgyi

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ ကိုကိုရယ်​ အပိုင်း (၂၅)💞💞💞

Yibo လည်းမနက်​စာပြင်​ဆင်​​နေရှာသည်​။

Xiao Zhan လည်း ပြင်​ဆင်​ပြီး မနက်​စာစားဖို့​အောက်​သို့ဆင်းလာခဲ့သည်​။

" ကိုကိုထိုင်​ ကျွန်​​တော်​ ထမင်း​ကြော်​ထားတယ်​"

" အွန်း.."

Xiao Zhan လည်းစား​နေရှာသည်​။

တီ....တီ....တီ

"Hello"

" Hello သူ​ဌေး မလာ​တော့ဘူးလား?"

" အွန်းမလာ​တော့ဘူး ကြည့်​ရှင်းလိုက်​​တော့"

" မရလို့သူ​ဌေး ကျွန်​​တော်​တို့​ဖြေရှင်းလို့မရလို့ ဒီ​နေ့မှ သူ​ဌေး​ရောက်​မလာရင်​ ကုမ္ပဏီကိုတရားဆွဲမယ်​တဲ့"

" ဟင့်​!!! ​ကောင်းပြီး လာခဲ့မယ်​"

" ဟုတ်​ကဲ့ သူ​ဌေး"

Yibo တစ်​​ယောက်​ Xiao Zhan ကိုကြည့်​ကာ
ဘာမှမ​ပြောပဲ အ​ပေါ်သို့တက်​သွားခဲ့သည်​။

Xiao Zhan အခန်းထဲကို ဝင်​သွားကာ ခရီးသွားဖို့အတွက်​ အဝတ်​အစား​လေး​တွေ ခရီး​ဆောင်​အိတ်​ထဲထည့်​​ပေး​နေရှာသည်​။

Xiao Zhan လည်းမသွားချင်​ရှာ​ပေ။ Yibo ကိုတစ်​​ယောက်​ထဲထားခဲ့ရမှာ​မို့လို့ မသွားချင်​ခဲ့​ပေ။

ထမင်းစားစာပွဲ​ပေါ်မှာပဲ ငူငိုင်​စွာထိုင်​​နေမိသည်​။

Yibo လည်း Xiao Zhan အတွက်​လိုအပ်​တာ​လေး​တွေအပြည့်​အစုံထည့်​ကာ အိပ်​​လေးကို​အောက်​သို့ယူလာခဲ့သည်​။

အခုချိန်​ထိ Xiao Zhan တစ်​​ယောက်​ ငူငိုင်​စွာထိုင်​​နေတုံး။

" ကိုကို "

"Yibo"

Yibo တစ်​​ယောက်​ Xiao Zhan ကိုလှမ်းဖက်​လိုက်​သည်​။

" ကိုကို ပြဿနာ​တွေမြန်​မြန်​​ဖြေရှင်းပြီး မြန်​မြန်ပြန်​လာခဲ့​နော်​"

Xiao Zhan တစ်​​ယောက်​ မျက်​ရည်​ဝဲစွာဖြင့်

" im "

" အဆင့်​သင့်​ဖြစ်​ပြီးကိုကို ကျွန်​​တော်​အားလုံးထည့်​ပြီးပြီ​လေဆိပ်​လိုက်​ပို့​ပေးရအုံးမလား?"

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ကိုကိုရယ်​..Where stories live. Discover now