Part 29

2.3K 143 6
                                    

Zawgyi

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ ကိုကိုရယ်​ အပိုင်း (၂၉)💞💞💞

Yibo လည်း Xiao Zhan ​ပေးထားတဲ့ အိင်္ကျီ​လေးကိုဝတ်​ကာ ​ဘောင်းဘီဒူးပြဲ​လေးနဲ့ စတိုင်​​လေးက က​လေး​လေးပုံစံဖြစ်​နေရှာသည်​။

Xiao Zhan ​ပေါ့​ပေါ့ပါးပါးပုံစံ​လေးဝတ်​ကာ ဖြည်းဖြည်းချင်း
ဆင်းကာလာ​နေသည်​။

တစ်​​ယောက်​က ​လှေးကား​ပေါ်က တစ်​​ယောက်​က​အောက်​​က​နေ
တစ်​​ယောက်​ကို တစ်​​ယောက်​ ​မျက်​​တောင်​​တောင်​မခပ်​နိုင်​ ​ငေးကြည့်​​နေရှာ​တော့သည်​။

" ကိုကို "

Yibo တစ်​​ယောက်​ Xiao Zhan ကိုကြည့်​ကာ အရမ်း​တွေ​ပြေးဖက်​ချင်​မိသည်​။
က​လေးတစ်​​ယောက်​လိုပဲ ​ပေါ့ပါး​နေတာပဲ။

Yibo လည်းကား​သော့ယူကာ

Xiao Zhan ကိုစိတ်​​ပြေမဲ့​နေရာသို့ ​ခေါ်​သွား​လေသည်​။

ကားထဲက​နေ Xiao Zhan အပြင်​ကိုလှမ်းကြည့်​မိလိုက်​​တော့ မြင်​ကွင်း​လေးက အရမ်းကိုသာယာသည်​။

Yibo တစ်​​ယောက်​ကားကိုအမြန်​​မောင်း​နေရှာသည်​။
လမ်း​လေး​တွေက အ​ကွေ့​တွေ​အ​ကောက်​​တွေနဲ့ Xiao Zhan Yibo ကား​မောင်းတာကို လန့်​​နေရှာသည်​။

" ဒီက​လေး ဒီ​လောက်​ကား​မောင်းကျွမ်းမှန်းမသိခဲ့ဘူး"
Xiao Zhan စိတ်​ထဲက​နေ​ပြော​နေမိသည်​။

မောင်းရင်း​မောင်းရင်း ကားကအရမ်းကိုမြန်​လာခဲ့သည်​။

" Yibo"

"ဗျာ...ကိုကို"

" ကားကို အရှိန်​​လျော့"

" ဟုတ်​....ဘာဖြစ်​လို့လဲ ကိုကို"

"ဒီ​လောက်​ကြီးအမြန်​မ​မောင်းရဘူး​လေ။ အန္တရာယ်​များတယ်​"

" လူရှင်း​နေတာ​လေ ကိုကိုရဲ့"

" ငါ့ကိုအရစ်​ပြန်​မတက်​နဲ့"

" ကျွန်​​တော်​က ဒါကား​မောင်းတာ​အ​နှေးဆုံးပဲ"

" ဘာ...မင်းပြိုင်​ကား​မောင်း​နေတယ်​များမှတ်​​နေလား?"

မချစ်​ရင်​​နေပါ မမုန်းလိုက်​ပါနဲ့ကိုကိုရယ်​..Where stories live. Discover now