10🌺

363 49 4
                                    

[Unicode]

ကော်ဇောနီပေါ်ကို လျှောက်လာတဲ့နတ်သားလေးဟာ ကိုယ့်ရဲ့ယောလ်ငယ်လေးတဲ့လား...

ခရမ်းရောင်ပန်းခွေလေးဟာ ခေါင်းလုံးလုံးလေးပေါ်မှာနေရာယူထားသည်....

ဖြူဖွေးနေတဲ့အသားအရည်ပေါ်မှာ ထပ်ဝတ်ထားတဲ့ အင်္ကျီအဖြူရောင်တောင်မှ ကိုယ်ရဲ့ယောလ်ငယ်လေးလောက်မဖြူစင်ဘူး....

ကော်ဇောနီပေါ်ကို ယောလ်ငယ်လေးခြေတစ်လှမ်းချလိုက်တိုင်းမှာ ကိုယ့်ရဲ့နှလုံးသားလေးက ယောလ်ငယ်ရှေ့မှာ တစ်ခါကျရှုံးသွားတာကို ကိုယ့်ရဲ့ယောလ်ငယ်လေးသိလား....

ကိုယ့်ရဲ့နှလုံးသားခံတပ်က ယောလ်ငယ်လေးရဲ့ရယ်သံလေးတွေကြားတိုင်းမှာ လဲပြိုတယ်...

ကိုယ့်ရဲ့နှလုံးခုန်သံတွေက ယောလ်ငယ်လေးရဲ့အပြုံးနဲ့အသက်ဆက်ရှင်နေရတယ်လို့ အထင်မှာလာတဲ့အထိဘဲ....

ယောလ်ငယ်ရေ လူတွေပြောကြတဲ့ အရူးရင့်တယ်ဆိုတာ ဒါမျိုးလားကွာ.....

ငွေမှင်ရောင်ဆံပင်လေးပေါ်မှာရှိနေတဲ့ ခရမ်းရောင်ပန်းခွေလေးကနေ ဖြာကျနေတဲ့ ဇာပုဝါလေးက ယောလ်ငယ်လေးရဲ့မျက်နှာဖြူဥဥလေးကို ဖုံးအုပ်ထားတယ်....

ဇာပုဝါရှိနေရတဲ့ အကြောင်းကတော့ လက်ထပ်တယ်ဆိုတာ ဒီလို‌ဆိုပြီးတော့ video တစ်ခုပြလိုက်မိပါတယ်....
အဲ့ထဲက သတို့သမီးအတိုင်း အကုန်လိုက်လုပ်မယ်လို့လုပ်တယ်....

ဝတ်စုံဝတ်ခိုင်းတာတောင်မှ video ထဲက သတို့သမီးဝတ်ထားတဲ့အတိုင်း ဝတ်စုံကားကားကြီးကို ဝတ်မယ်လုပ်နေလို့ မရမကချော့မော့ပြောလည်းမရ....

နောက်ဆုံးမှာတော့ ' လက်ထပ်ပြီးလို့ ဟိုလိုလုပ်ချင်ရင် အဲ့ကားကားကြီးမဝတ်ရဘူး ' လို့ပြောမှဘဲ လက်ခံတော့တယ်....

ဒီပွဲပြီးရင်တော့ ဒီ‌ယောလ်ငယ်လေးနဲ့ ဘယ်လိုနှစ်ပါးသွားရပါ့မလဲ....

ဟူး~~~~
ကလေးတစ်ယောက်ကို မြတ်နိုးရတဲ့ K ရဲ့ဘဝက လွယ်ကူမနေဘူး....

' လူကြီးနဲ့လက်ထပ်ချင်တယ် ' ဆိုတဲ့စကားကို တစ်နေ့တည်းမှာတင် အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် စစ်သေနတ်ပစ်သလိုပြောနေတာကြောင့် လက်ထပ်ပွဲကိုအမြန်စီစဉ်ခိုင်းလိုက်ရသည်....

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now