31🌺

344 47 34
                                    

[Unicode]

Sehun ဆိုဖာပေါ်မှာထိုင်ပြီး ဖုန်းသုံးနေတာကို လာကြည့်တဲ့ကလေးငယ်...

"ကိုကို... ချန်း လိုချင်တယ်"

"အယ်... ဘာကိုတုန်း ကလေးရဲ့.."

"အဲ့ဒါလေးတွေလေ.."

ဖုန်းကိုလက်ညှိုးထိုးပြလာတဲ့ကလေးငယ်...

လက်စသတ်တော့ ပန်းလေးက Sehun ဖုန်းထဲက ကလေးအသုံးအဆောင်လေးတွေကိုမြင်သွားတာဖြစ်သည်...

"အာ... Baby လေးတွေအတွက်လိုချင်တာလား"

ဆံပင်ခပ်အုပ်အုပ်လေးကို Sehun ခပ်ဖွဖွပွတ်သပ်ကာမေးမိတော့ ခေါင်းလေးကိုတဆတ်ဆတ်ငြိမ့်ပြတဲ့ကလေးငယ်...

"ကလေးလိုချင်ရင် ဝယ်ပေးမှာပေါ့"

ကလေးမလိုချင်ဘူးထင်လို့ ကိုယ်ကဝယ်မထားတာပါ... ဆိုတဲ့စကားကိုတော့ Sehun စိတ်ထဲမှာဘဲ သိမ်းထားလိုက်သည်...

"ကိုယ် မှာလိုက်မယ်နော်...
ဘယ်ဟာလေးတွေကိုလိုချင်တာလဲ"

"ဟင်? ဆိုင်ကိုသွားဝယ်မှာမဟုတ်ဘူးလား"

ဖုန်းထဲကပုံလေးတွေပြကာ ရွေးခိုင်းတော့ ပန်းလေးက နှုတ်ခမ်းလေးဆူကာ ပြန်မေးလာသည်...

ဒီရက်ပိုင်းမှာ ကလေးငယ်က ကိုယ့်အနားကို ခါတိုင်းထပ်ပိုကပ်သည်...ပိုပြီးလည်းချွဲလာသည်...

ကိုယ်ဝန်ကြောင့်ဘဲလား...
ပန်းလေးကဘဲ ကိုယ့်ကိုအခွင့်အရေးပေးလိုက်တာလား...

ဘာကြောင့်ဘဲဖြစ်ဖြစ် ကိုယ်ပျော်ပါတယ်...

"အပြင်ထွက်လို့မရဘူးကလေးရဲ့.."

"ဟာ..... ကိုကိုကလည်း...
ဘာလို့မရတာလဲ..."

သူလုပ်ချင်တာမလုပ်ရတော့ ဆူအောင့်အောင့်အသံလေးထွက်လာပြီ...

ဒါပေမယ့် ပန်းလေးရယ်~~~
ကိုယ်က မင်းကို ပိုင်ရှင်ဆီကခိုးလာတာလေ... သူတို့က လိုက်ရှာကြမှာကြိမ်းသေဘဲ...
အချိန်တွေကြာနေပေမယ့် ကိုယ်စိတ်မချနိုင်ဘူး ကလေးငယ်...
မင်းသာကိုယ့်ရင်ခွင်ထဲကထွက်သွားရင် ကိုယ်ရူးမှာ...

"ကိုကိုကလည်း~~~
ချန်းက အိမ်ထဲမှာဘဲနေနေရတာ ပျင်းလာပြီဆိုဟာ... အပြင်သွားရအောင်လို့.."

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now