𝐵𝑎𝑏𝑦 𝐿𝑜𝑜𝑘 𝐿𝑖𝑘𝑒 𝐴 𝐹𝑙𝑜𝑤𝑒𝑟 - 𝑅🌺

306 39 25
                                    

[Unicode]

နာကျင်မှုတွေ အကြိမ်‌ရေစိတ်လာတဲ့ ယောလ်ငယ်ကြောင့် ဆေးရုံကို လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ရောက်နေခဲ့သည်...

ပုံမှန်မဟုတ်တဲ့ကိုယ်ဝန်ဆောင်ဖြစ်နေတာကတစ်ကြောင်း... တစ်ယောက်တည်းလည်းမဟုတ်တဲ့ အမြွှာလေးတွေကြောင့် ဒီရက်ပိုင်းအတွင်းမှာ ယောလ်ငယ်လေး သိသိသာသာပင်ပန်းလာတာမြင်ရတော့ ရင်ထဲက နာကျင်မှုတွေနဲ့စိုးရိမ်မှုတွေက မဖုံးနိုင်မဖိနိုင်ဖြစ်လာသည်...

ဆရာဝန်တွေကတော့ " သွေးအားနည်းတယ်ဆိုတာ ကိုယ်ဝန်ဆောင်တိုင်းဖြစ်တတ်တယ် " လို့ပြောပေမယ့် မြတ်နိုးရတဲ့ကလေးငယ်ကို စိတ်မချနိုင်ပါ...

မွေးခါနီးလေ အားနည်းလေဖြစ်လာတဲ့ယောလ်ငယ်လေးရဲ့မျက်နှာက ဖြူဖျော့ဖျော့လေးဖြစ်နေပြီ...

မနက်ဖြန် ကလေးငယ်ရဲ့မွေးနေ့ဖြစ်လို့ ပျော်နေရမှာကို နာကျင်နေရပြီ... ကိုယ်တောင်းပန်ပါတယ် ကလေးရယ်...

ခုနကမှ " ဗိုက်နာတယ် လူကြီး... " လို့
ခပ်ဖွဖွလေး ငြီးတွားလာတဲ့ယောလ်ငယ်...

မျက်ရည်အတွေတွေကျနေတဲ့ မျက်နှာဖျော့ဖျော့လေးက နာကျင်မှုကိုမြိုသိပ်နေရတာ အရမ်းသိသာလှသည်...

အရင်ကအတိုင်းဆိုရင် အော်ဟစ်ငိုယိုပြီး
" လူကြီးရေ... ဗိုက်နာတယ်!!! " လို့အသံစာစာလေးနဲ့အော်ပြောမယ့်အစား တိုးလျလျလေးသာထွက်လာတဲ့ အသံလေးက စိုးရိမ်မှုတွေကို မီးစထိုးပေးနေသလိုပင်...

ခွဲခန်း‌ရှေ့ကိုရောက်တဲ့အထိ လမ်းတစ်လျှောက်လုံးမှာ ကိုယ့်ရဲ့လက်တွေကိုဆုတ်ကိုင်တဲ့ အားမပါတဲ့လက်လေးတွေ...

ခွဲခန်းရှေ့ရောက်တော့...

"လူနာရှင်... အထဲကိုလိုက်ဝင်လို့မရပါဘူး"

ကြားလိုက်ရတဲ့ သူနာပြုတစ်ယောက်ရဲ့အသံ...

"လူကြီး~~~"

ခေါ်သံတိုးလျလျနဲ့အတူ မျက်ရည်တွေရစ်ဝိုင်းနေတဲ့ မျက်လုံးလေးတွေ...

မျက်ခွံ‌လေးပေါ်အနမ်းတစ်ပွင့်ခြွေချမိသည်...

ဆုပ်ကိုင်ထားတဲ့လက်လေးရဲ့လက်ဖမိုးလေးပေါ်ကိုလည်း နှုတ်ခမ်းတွေနဲ့ ခပ်ဖွဖွထိတွေ့လိုက်သည်...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now