အချစ်ဦး...💙💚Part-3

153 15 0
                                    

Unicode....

‌မမကဘာလို့ဒီလိုပြင်း‌ေခြက်‌ေခြာက်အိမ်ရာထဲ‌ေပြာင်းလာတာလဲသိဘူးအိမ်‌ေခြထူထပ်တဲ့‌ေနရာက‌ေနအခုလိုခြံနဲ့၀န်းနဲ့တိတ်ဆိတ်တဲ့အိမ်ရာ၀န်းထဲ‌ေပြာင်းချလာ‌ေတာ့‌ေနသားကမကျဘူး...ပျင်းလို့ခြံထဲအညောင်းဆန့်နေရင်း မျက်စိရှေ့မြင်လာတဲ့ဘောလုံးတစ်လုံး....ဟိုကလေးရဲ့ဘောလုံးပဲ...သွားပေးရင်ကောင်းမလား...
မပေးချင်ပါဘူး အကျောတင်းလေးကရန်လုပ်နေအုံးမယ်...မျက်နှာလွဲကာအိမ်ထဲပြန်၀င်လာလိုက်တယ်...

နောက်တစ်ရက်...အိမ်တက်အလှူတဲ့မမဘယ်ချိန်ထဲက
ဘယ်လိုစီစဉ်လိုက်လဲမသိဘူး...ကျွန်တော်လည်းမသိရဘူး...မနက်အစောကြီးလာနှိုးပြီးဘုန်းကြီးသွားပင့်ခိုင်းမှ
သိတော့တယ်...မမဟိုဘက်အိမ်ကိုရောဖိတ်ထားလားဆိုတဲ့အတွေးကခေါင်းထဲရောက်လာတယ်...
အလှူတွက်နောက်ဖေး၀င်လိုက်အိမ်ရှေ့ထွက်လိုက်ဝိုင်း
လုပ်ပေးနေရင်း ခြံရှေ့တစ်ချက်ကြည့်လိုက်တော့ဟိုနေ့ကအန်တီကြီးနဲ့layဆိုတဲ့က‌ေလးမ ‌ေလးတို့၀င်လာတာ‌ေတွ ့တယ်ဟိုကလေးတော့ပါမလာဘူး...အိမ်ထဲ၀င်ပါအန်တီ...
ကိုယ်ကအိမ်ရှင်ပြီပြီ ပျူပျူငှာငှာအိမ်ထဲ၀င်ဖို့ဖိတ်
ခေါ်လိုက်ပေမယ့်...လူကိုအရယ်အပြုံးမရှိတဲ့မျက်နှာနဲ့သေချာစိုက်ကြည့်ပြီးအနည်းငယ်တွန့်သွားတဲ့မျက်ခုံးတစ်ဘက်ကသေချာတယ်ဒီဘွားတော်ငါ့ကြည့်မရဘူးပဲ
ဟင်းရည်ကုန်နေတဲ့အလယ်ပန်ကန်တွေလိုက်ဖြည့်
ပေးနေရင်း မမနဲ့ဘွားတော်ပြောတာကိုနားစွင့်နေမိတယ်...

ဟုတ်လားplan‌ေလးကတော်တော်ဖျားသွားတာလား

သားက‌ခွေးအရမ်းကြောက်တက်တာအရမ်းလည်းလန့်သွားတယ်လေ
မိုးရေထဲလည်းကြာသွားတော့ဒီကြားထဲဒဏ်ရာကပါ
ရလိုက်‌ေသးအဲ့‌ေတာ့အနာရှိုန်နဲ့ဖျားတော့တာပဲ....
အခုလည်းသူမနိုးသေးခင်အြမန်လာလိုက်တာသားနိုးလာလို့ကျွန်မကိုမတွေ့ရင်ဂျီနေလိမ့်မယ်...
ခွင့်ပြုပါအုံးMie...

ဘွားတော်ကဘလိုင်းကြီးပါလားမမနဲ့သာပြောနေတာမျက်လုံးတွေကကျွန်တော့်ဆီမှာ သူ့သားနေမကောင်းဖြစ်တာကျွန်တော့်ကြောင့်ဆိုတဲ့အကြည့်တွေနဲ့....
နေရင်းထိုင်ရင်းမင်းလည်းလူဆိုးဖြစ်လို့ပါလား
ကြည့်ရတာမျက်နှာမြင်ချစ်ခင်အသံကြားသနားပါစေဆိုတဲ့မေမေပေးခဲ့တဲ့ဆုတောင်းတွေကမပြည့်ခဲ့ဘူး
ထင်တယ်....ဘွားတော်မျက်စိထဲပဲ‌ထောင့့်မကျိုးတာတော့မဟုတ်ဘူးကျွန်တော့်ပုံစံကိုက မိုက်တိမိုက်ကန်းပုံစံ .......ပြောရရင်မြင်သူတိုင်းထောင့်မကျိုးချင်စရာ
တခုခုဆိုရင်ပါးစပ်ကမပြောဘူးလက်ကအရင်ပါတက်တာကြောင့်မမလိုက်ရှင်းရ‌ေပါင်းလည်းမနည်းဘူးလုပ်လိုက်ရင်လည်း‌ေသွးထွက်သံယို သုံးချက်၅ချက်ကအနည်းဆုံးမို့ခေတ်စကားနဲ့ပြောရရင်ဇိုးပေါ့ဗျာ ဒါပေမယ့်ရုပ်ခံလေးကရှိနေတော့ မိန်းကလေးတွေပါးစပ်ဖျားမှာဇိုး‌ေချာ‌ေချာ‌ေလးဆိုပြီးနာမည်ကကြီးနေတာပဲ...လူကြီးတွေအမြင်ကြတော့
ခပ်ရိုင်းရိုင်းကောင်လေးတစ်ယောက်ပေါ့...

အချစ်ဦး 💙💚Where stories live. Discover now