အချစ်ဦး...💙💚part-20

75 12 2
                                    

"မောင်"........................
မှောင်မဲနေတဲ့ပတ်ဝန်းကျင်မှာနားထဲကြားလာတဲ့ငိုသံစွတ်စွတ် အသံရှိရာရှာဖွေမိတော့ ဝိုးတိုးဝါးတားမြင်နေရတဲ့ပုံရိပ်တစ်ခု..ဒူး‌ေခါင်း‌ေပါ်‌ေခါင်းစိုက်ထိုင်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ပံုရိပ်...အလင်းတန်းတစ်ခုကထိုလ‌ေကာင်‌လေးပေါ်မှာကျရောက်နေတယ်..
ထို‌ေကာင်း‌ေလးရှိရာသို့ခြေလှမ်းတွေကိုလျှောက်လှမ်းရင်း... နီးသထက်နီးလာလေမြင်ကွင်းကပိုကြည်လင်လာပြီးငိုရှိုက်သံ‌ေတွကပိုကျယ်လာတယ်ပခုံး‌ေလးလှုတ်ပြီး
တရှုံ့ရှုံ့ငိုနေတဲ့အသံ...ထိုအသံကနှလုံးသားကိုမီးမြိုက်နေသလိုပဲအရမ်းပူလောင်လာတယ်..တရှုံ့ရှုံ့ငိုနေတဲ့ကောင်လေးရဲ့အ‌ေရှ့ကိုရောက်တော့ဒူးထောက်ထိုင်ချလိုက်ပြီးတုန်ရီနေတဲ့ပခုံးပေါ်သို့လက်ကိုအသာလှမ်းတင်လိုက်တော့မော့ကြည့်လာတဲ့မျက်နှာပြင်‌ေပါ်မှာမျက်ဝန်းလှလှလေးမှတစ်ဆင့်တွဲခိုစီးဆင်းလာတဲ့ငွေရည်ကြည်လေးတွေထိုအရည်စီးကြောင်းကိုမြင်တော့...နှလုံးသားကပေါက်ထွက်မတက်နာကျင်လာတယ်...မကြိုက်ဘူးဒီမျက်ဝန်းလေးတွေပေါ်ကစိမ့်ကျလာတဲ့
ငွေရောင်တလဲ့လဲ့အရည်တွေကိုတကယ်မနှစ်သက်ဘူး..ပါးပြင်ပေါ်သို့လက်လှမ်းဖို့ကြံရွယ်နေတုန်း..တုန်ရီနေတဲ့နှုတ်ခမ်းဖျားလေးကနေဖွင့်အံလာတဲ့စကားလုံးလေးက........
"မောင်".....................
နစ်နစ်နဲနဲခေါ်လိုက်သံလေးကနားဖျားမှတစ်ဆင့်နှလုံသားထိထိုးဖောက်ဝင်ရောက်လာတဲ့အခါ...
ဆက်ခနဲပွင့်လာတဲ့မျက်လုံး‌ေတွတိတ်ဆိတ်နေတဲ့အခန်းထဲ Aircon အမြင့်ဆုံးဖွင့်ထားတာတောင်‌ေချွး‌ေတွပျံပြီးလန့်နိုးလာမိတယ်..နာရီကိုကြည့်လိုက်‌ေတာ့အချိန်အားဖြင့်ညတစ်နာရီစွန်းစွန်း....အိမ်မက်လိုလို...တကယ်လိုလိုနဲ့ပုံရိပ်တွေ...အိမ်မက်ထဲကကောင်လေးကဘေဘီဖြစ်‌ေနရတဲ့‌အကြောင်းရင်းက..
မနက်ကအဖြစ်ပျက်ကိုစိတ်စွဲသွားလို့လား..
တစ်ခုခုကိုအရမ်းခံစားပြီးအရာရာအရှုံးပေးထားသလိုငိုနေတဲ့ဘေဘီ...ပွေ့ဖတ်ထားချင်စိတ်တွေနဲ့နှစ်သိမ့်ဖို့အနားကိုသွားလိုက်တော့ဘေဘီရဲ့မျက်ဝန်းတွေကိုရင်ဆိုင်ရတဲ့အခါ နာကျင်လာတဲ့နှလုံးသား....
အိမ်မက်ဆိုပေမယ့်လည်းအိမ်မက်ထဲကအတိုင်းတကယ်ကြီးနှလုံးသားကနာကျင်သလိုခံစားနေရပြီးစိုစွတ်နေတဲ့မိမိပါးပြင်ကိုလက်နဲ့အသာစမ်းမိတော့မျက်ရည်တွေတဲ့လား..
ငိုနေခဲ့တာလား...ဘာအတွက်ဒီမျက်ရည်တွေကကျလာရတာလဲ....
နှစ်နှစ်‌ေလာက်‌ေလာကကြီးနဲ့အဆက်သွယ်ပြတ်ပြီပြန်နိုးထလာတဲ့‌ေနာက်..
မှတ်မိသလောက်တော့ ဘာအတွက်ရယ်
ဘယ်သူကြောင့်ရယ်မှတော့တစ်ခါမှမငိုခဲ့ဘူး
မှတ်လား..တစ်ခါတလေ.စိတ်ထဲတစ်စုံတစ်ရာကိုပျောက်နေတဲ့ခံစားချက်
ဘာမှန်းမသိဘာကိုလွမ်းလို့လွမ်းမှန်းမသိတဲ့ခံစားချက်ကြောင့်..ရင်ထဲတစ်စို့နေရင်တောင် ငိုချင်စိတ်ဖြစ်ပေမယ့်တစ်ခါမှထွက်မလာတဲ့မျက်ရည်တွေက.အခု..ဘေဘီကိုအိမ်မက်ထဲမြင်ပြီးကျလာတာတဲ့လား.....ဘေဘီမင်းအကြောင်းတွေသိချင်လာပြီ......

အချစ်ဦး 💙💚Where stories live. Discover now