အချစ်ဦး...💙💚Part-5

111 15 5
                                    

Unicode....

ကလေးကြည့်ရတာစာဂျပိုးထင်တယ် စာအုပ်နဲ့မျက်နှာခွာတဲ့ချိန်ကိုမရှိဘူး အတန်းချိန်သုံးချိန်သာပြီးသွားတယ် တစ်ချက်လေးတောင်နောက်လှည့်မကြည့်ဘူးသူငယ်ချင်းလည်းသိပ်ရှိပုံမရဘူးသူ့‌ေဘးကperthနဲ့ပဲအခေါ်အပြောလုပ်တာတွေ့တယ်မနေ့ကငှားထားတဲ့chemistryစာအုပ်ကိုအခုထိပြန်မတောင်းသေးဘူး နောက်တစ်ချိန်ကChemချိန်ဆိုတော့ပြန်မတောင်းဘဲတော့နေမှာမဟုတ်ဘူး မြန်မာစာဆရာမထွက်သွားတော့သူလာတောင်းတော့မယ်ထင်တယ် ဘေးနားကperthကိုတခုခုကပ်ပြောနေတယ်သူ့ကျောပြင်ကိုသာကျွန်တော်စိုက်ကြည့်နေလိုက်တယ်....

Mean.....ဟိုလေ...ငါ့နာမည်ကPerth...

ငါသိတယ်....

အော် အေး...Planရဲ့Chemစာအုပ်လေးပြန်ပေးပါလား
ခဏနေဆရာမလာတော့မှာမို့....

သူကဘာဖြစ်နေလို့ကိုယ်တိုင်မတောင်းရတာလဲလို့မေးလိုက်.....

Planမင်းကဘာလို့ကိုယ်တိုင်မတောင်းရတာလဲတဲ့

သူနဲ့စကားမပြောချင်လို့ပေါ့ကွာ စာအုပ်သာပြန်ပေးလို့...

မင်းနဲ့စကားမပြောချင်လို့တဲ့စာအုပ်ပဲပြန်ပေးပါတဲ့....

ပိုင်ရှင်ကိုယ်တိုင်ပြန်တောင်းခိုင်းလိုက်....

အမ်... အေးအေး...

Plan....မင်းကိုယ်တိုင်တောင်းတဲ့.....

ပြန်ပြောလိုက်ငါ့စာအုပ်ငှားတာတောင်လွန်လှပြီလို့အခုချက်ချင်းပြန်ပေးလို့......

အခုချက်ခြင်းပြန်ပေးပါတဲ့....

ငါ့စကားကိုနှစ်ခါမ‌ေပြာတက်ဘူးသူမို့လို့နောက်တစ်ခါထပ်ပြောလိုက်မယ်ကိုယ်တိုင်တောင်းပါလို့ မင်းငါ့ဆီသူ့စကားသယ်လာရင်ငါ့လက်က.....

Okiokiငါပြောလိုက်မယ်.....

Planမင်းကြားတယ်မှတ်လား ကိုယ့်ဘာသာတောင်းတော့ ငါဆန်ပြုတ်မကြိုက်ဘူးကွ....

အော်အဖြစ်ကလည်းကိုယ့်စာအုပ်လည်းငှားရသေးအလိုက်တသိပြန်ပေးမယ်မရှိဘူး ခခယယတောင်းရအုံးမှာလား....

တကယ့်ကလေးလေးပါဆိုကျွန်‌ေတာ်နဲ့စကားမ‌ေပြာချင်လို့သူငယ်ချင်းနဲ့သူ့စာအုပ်ကိုတောင်းခိုင်းတယ်
ကလေးတွေလုပ်တဲ့အကွက်တွေနဲ့ ဒါမျိုးတော့လာလုပ်လို့မရဘူးလေ...perthလည်းစကားကိုဟိုပို့ဒီပို့မလုပ်ပေးတော့ ကလေးလေးတစ်ယောက် ဆူပုတ်ပုတ်နဲ့ကျွန်တော်ကိုလှည့်ကြည့်လာပါပြီ....

အချစ်ဦး 💙💚Where stories live. Discover now