အချစ်ဦး...💙💚part-18

75 16 2
                                    

Unicode...

Pondဆိုတဲ့‌ေကာင်လေးပေးခဲ့တဲ့ လိပ်စာကဒ်ကိုထုတ်ကြည့်လိုက်သိမ်းလိုက်နဲ့တစ်ပတ်တိတိရှိခဲ့ပြီ....ဘာလုပ်ရမလဲ...မောင့်ကိုတွေ့ချင်တယ် မောင်ကရောငါ့ကိုတွေ့ချင်ပမလား
အခုချိန်ထိမောင့်ဘက်ကအဆက်သွယ်မလာခဲ့တာ
ဒီမေးခွန်းရဲ့အဖြေကရှိနှင့်နေပြီ လက်မခံချင်တဲ့စိတ်ကလေးကြောင့်သာ...တောင်းပန်ပါတယ်မောင်
မျက်နှာပြောင်တိုက်တယ်လို့ထင်လည်းထင်ပါစေမောင့်ကိုတွေ့ချင်တယ် ...

Future Entertainment ဆိုတာဂီတငွေကြယ်ပွင့်တွေအမြောက်အမြားမွေးထုတ်ပေးနေတဲ့နေရာတစ်ခု
မောင်ကဒီကသူဌေးလား မောင်အောင်မြင်နေတာသိတော့ဂုဏ်ယူမိပြန်တယ်...
အစကဖုန်းဆက်ပြီးအပြင်မှာချိန်းပြီးလာယူခိုင်းဖို့ပဲ pondကဖုန်းမကိုင်တာနဲ့ ကဒ်ထဲကလိပ်စာအတိုင်းလာလိုက်တာ ဒီရောက်တော့ social media တွေမှာမြင်ဘူးနေပေမယ့် အပြင်မှာကပိုပြီးခမ်းနားထည်ဝါနေတော့ အဆောက်အဦထဲဝင်ဖို့ကိုစိမ်းသက်သက်မို့ရှိန်နေမိတယ်....ရောက်မှတော့မထူးတော့ပါဘူးလေစိတ်ကိုလျော့ပြီး Receptionကိုတန်းသွားလိုက်တယ်...

ကျွန်‌ေတာ်ဒီကအတွင်းရေးမှူးpond နဲ့‌ေတွ ့ချင်လို့ပါ....

ဟုတ်ကဲ့အစ်ကို ြကိုချိန်းထားလားမသိဘူး...

အဲ့လိုတော့မရှိပါဘူး...

ဒါဆို ခဏထိုင်စောင့်ပေးပါလားညီမဖုန်းဆက်မေးကြည့်ပေးပါ့မယ်...

ကောင်မလေးညွန့်ပြတဲ့နေရာမှာထိုင်စောင့်နေတုန်း...
ဝင်ပေါက်ကနေမပြေးရုံတမယ်ဝင်လာတဲ့အတွင်းရေးမှူးဆိုတဲ့pond...ကောင်မလေးကလည်းတွေ့တဲ့ပုံဘဲကိုယ့်ရှိရာဘက်ကိုညွှန်ပြနေတယ်....ကိုယ့်ကိုစိုက်ကြည့်ပြီးတစ်ချက်စဉ်းစား‌ေနသလိုပဲ ပြီးတော့မှသတိရသွားတဲ့ပုံစံနဲ့ ကိုယ့်ဆီကိုလျှောက်လှမ်းလာတယ်...

ဟိုအစ်ကိုပဲ..

ကျွန်တော့်နာမည်planပါ...

ဟုတ် အစ်ကိုplanဘာများဖြစ်လို့လဲ
ကျွန်တော့်ဆီလာတာလား
ဘာကူညီပေးရမလဲခင်ဗျ...

ကျွန်တော်ဖုန်းအရင်ဆက်‌ေသးတယ်ငါ့ညီ
မကိုင်တာနဲ့လိုက်လာလိုက်တာ

အချစ်ဦး 💙💚Where stories live. Discover now