Part 2

11.7K 900 18
                                    

Zawgyi
Xiaozhan သူ့ရင်ခွင်ထဲကို အင့်ခနဲ ပြေးဝင်လာတဲ့ ခြင်္သေ့ပေါက်လေးရဲ့လုံးလုံးတုတ်တုတ် ခန္ဓာကိုယ်လေးကို အကြောက်ပြေသွားအောင် ဖွဖွလေး ဖက်ထားပေးလိုက်သည်။

ကလေးလေးက အလန့်ပြေလို့ထင်ရဲ့
သူ့ရင်ခွင်ထဲကထွက်ပြီး သူ့လက်ကို ဆွဲကိုင်လို့ မေးခွန်းတစ်ခုထုတ်သည်။

တဆိတ်!!
ခလေး နှုတ်ခမ်းလေးတွေ နီရဲနေတာပဲ။

"အကိုကြီး သားကို သိလားဟင်
သားက အန်တီမေရဲ့သားလေးလေ ကိုကြီးနဲ့တခါလားမသိဘူး တွေ့ဖူးတယ်လေ
အခု အနောက်ကနေ သားကိုလိုက်ရိုက်နေကြလို့..လုပ်ပါဦးနော်"

ကိုကြီးက မင်းကို သိတာပေါ့ ကလေးရယ်
ကိုကြီးနဲ့မင်းနဲ့ဆုံတာ တစ်ခါမဟုတ်ပါဘူး ၂ ခါပါကွာ ကလေးက မမှတ်မိတော့ ကိုကြီးစိတ်မကောင်းဘူး

Xiaozhan က တကယ်တော့ ရိပေါ်လေး ဒီဘက်လမ်းက ပြန်မှာသိလို့ကို ရည်ရွယ်ချက်ရှိရှိ လာစောင့်နေတာ..

ဒီကလေးကို နှုတ်ဆက်စကားမပြောဘဲ ထွက်သွားရရင် သူ ဟိုမှာ နောင်တရမှာကျိန်းသေတယ် ပြီးတော့ တစ်ခုခုကိုလည်း xiaozhan က အတည်ပြုချင်သေးတာမို့..

ရှေ့က မျက်နှာငယ်နဲ့အကူအညီတောင်းနေတဲ့ ကလေးလေးဟာ ၁၇ နှစ်အရွယ် xiaozhanအတွက်တော့ သုံးနှစ်ကျော်မက်ခဲ့တဲ့ အိပ်မက်ကလေး..။

နောက်က David တို့အဖွဲ့မှီလာတာတွေ့တော့
ရိပေါ်အလန့်တကြားနဲ့ အကိုxiaozhan နောက်မှာ ယို့ယို့လေး ဝင်ပုန်းပြီး မေးစရာရှိတာကို မေးလိုက်သည်။

"ဒါနဲ့အကိုကြီး သိုင်းတွေ ဘာတွေရော တက်လားဟင်"

ဟုတ်တယ်လေ ဒီအကိုကြီးက အရပ်ရှည်ပေမယ့် ခန္ဓာကိုယ်က ၁၄ နှစ်အရွယ် ရိပေါ်ထက်တောင် နည်းနည်းပိန်ချင်နေတာ..
အရှေ့မှာရောက်နေတဲ့ david တို့က အကြီးကြီးတွေ အမယ်လေး ရိပေါ်တော့ လူပေါင်းမှားပြီထင်တယ်။

Xiaozhan သူ့အကျီစကို လက်သေးသေးလေးတွေနဲ့မရဲတရဲ ကိုင်ထားပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခက်နဲ့မယုံသင်္ကာမေးလာတဲ့ ပါးဖောင်းလေး ကို အသဲယားလွန်းလို့သေတော့မယ်

ချစ်ဖို့ကောင်းလာလိုက်တာ ခလေးရယ်

"ကိုကြီးက သူတို့နဲ့ချစရာမလိုပါဘူးကွ ကြည့်နေ.."

Gangster And His Baby Wang(Completed)Where stories live. Discover now