Part 13

5.4K 526 12
                                    

Zawgyi

"ရိ​ပေါ် ဟိုဆရာမ လာ​တော့မယ်​ ထ​တော့​လေ"
ခုနကတည်းက ခုံ​ပေါ်​ခေါင်း​မှောက်​ပြီး ငို​နေတာလား အိပ်​​နေတာလား မသဲကွဲတဲ့ ရိ​ပေါ်ဟာ ဆရာမ သုံး​ယောက်​ဝင်​ပြီးသည်​အထိ ထိုပုံစံအတိုင်းပင်​..။

ဒီဆရာမအချိန်​​တော့ မနှိုးလို့ မရ​တော့ပါ
သူမက ကျိရန်​တို့ ​ကျောင်းမှာ အ​ပေါက်​အဆိုးဆုံး နှင့်​ အပြစ်​​ပေးအကြမ်းဆုံးမို့ ရိ​ပေါ် တစ်​​ယောက်​ ဆက်​အိပ်​​နေလျှင်​ အပြစ်​​ပေးခံရမှာ ​သေချာသည်​။

ပုခုံး​လေးကို ခပ်​ဖွဖွ လှုပ်​ယမ်းပြီး နှိုး​လိုက်​​တော့မှ အင်း အဲ နဲ့ ထလာတဲ့ ရိ​ပေါ်က မျက်​နှာ​လေး ခပ်​အမ်းအမ်းနဲ့ မျက်​လုံး​တွေကလည်း မို့ အစ်​လို့ 
သုံးနာရီလုံးများ ကြိတ်​ငို​နေခဲ့သလား​လေ..

"ရိ​ပေါ် မင်းမျက်​နှာကြီး နီပြီး အမ်း​နေတယ်​​ဟ ​နေမ​ကောင်းဘူးလား"
မေးတာလဲ ပြန်​မ​ဖြေပဲ ငိုင်​ငိုင်​က​လေးထိုင်​​နေတဲ့ ရိ​ပေါ်​ကြောင့်​ ကျိရန်​​ပြော​ပြောဆိုဆိုနဲ့ ပဲ နဖူး​ပေါ်လက်​တင်​ပြီး စမ်းကြည့်​​တော့ ခပ်​​နွေး​နွေး​က​လေး 

သူ့နဖူး​ပေါ်က လက်​ကို အသာဖယ်​ပြီး ခုံ​ပေါ် ​ခေါင်းပြန်​​မှောက်​လိုက်​တဲ့ ရိ​ပေါ်​ကြောင့်​ ကျိရန်​​ခေါင်းစားသွားရသည်​။
ဒီတိုင်းဆို ဆရာမနဲ့ ရိ​ပေါ် ထိပ်​တိုက်​​တွေ့ ​တော့မယ်​ ထင်​ရဲ့ 
ခေါင်းမာလွန်းတဲ့အကိုဖြစ်​သူအ​ကြောင်းကို သူအသိဆုံးမို့ ထပ်​မ​ပြော​တော့ပဲ ​​ချွေး​တွေ ထွက်​​နေသည့်​ ရိ​ပေါ်ကို ​ဘေးက​နေ စာအုပ်​​လေးနဲ့ အသာယပ်​ခတ်​​ပေး​နေလိုက်​သည်​။

"ဝမ်​ရိ​ပေါ် အ့တာ ဘာအပြုအမူလဲ ထစမ်း"
ထင်​တဲ့အတိုင်း ဆရာမဟာ ရိ​ပေါ်ကို အလွတ်​မ​ပေးပါ။

ရိ​ပေါ်က မထပဲအိပ်​​နေတာမို့ ကျိရန်​နှိုးလိုက်​​တော့မှ ခပ်​​လေး​လေး မတ်​တပ်​ထရပ်​​လေရဲ့ ..ထရပ်​ပြီး ဘာမှပြန်​မ​ပြောပဲ ​ခေါင်းငုံ့ ​နေတဲ့ ရိ​ပေါ်​ကြောင့်​ အားလုံးက ရိ​ပေါ်ကိုယ်​စားလန့်​နေကြ၏။

"​အေး အခုချက်​ချင်း အခန်းပြင်​ထွက်​ပြီး ဒူး​ထောက်​"

Gangster And His Baby Wang(Completed)Where stories live. Discover now