Part 21

5.4K 458 8
                                    

Zawgyi

"ကျဲ ကျွန်​​တော့်​ကို ကူညီပါဦး
ခလးကို ဝိုင်းရှာ​ပေးပါ​နော်​"

ဗစ်​တိုးရီးယား သူမ​ရှေ့ က ​​သွေးပျက်​​နေတဲ့ ​ကောင်​​လေးကို သနားစိတ်​ပိုစွာ ကြည့်​လိုက်​သည်​။
မ​နေ့ ညက ရိ​ပေါ်ကို ရှာမ​တွေ့ ​တော့ပါဘူးဆိုပြီး သူမတို့ ရုံးချုပ်​ကို အားကိုးတကြီး အကူအညီလာ​တောင်းတဲ့ ဒီခ​လေးကို သူမ ဘယ်​လိုစိတ်​နဲ့ မျက်​ကွယ်ပြုရမှာလဲ​လေ..

ရှောင်းကျန့်တစ်​​ယောက်​ထဲ​ ​သွေးပျက်​​နေ​မိ​ပေမယ့်​ ကျဲဆီက ကူညီပါ့မယ်​ဆိုတဲ့ ကတိစကားကို ကြားရ​တော့မှ သူသက်​ပြင်း​မောတစ်​ခုကို ချလိုက်​သည်​။
ကျဲတို့ သာ ကူညီမယ်​ဆိုရင်​ သူက​လေးကို ဒီနှစ်​ရက်​၊သုံးရက်​အတွင်းကိုရှာ​တွေ့ မှာ သူသိတယ်​။

"ကိုကို ကျွန်​​တော့်​ကို လာ​ခေါ်ပါ​တော့
ကျွမ်​​တော်​လည်း ကိုကို့ ကို လွမ်း​နေခဲ့တာပါ"ဆိုတဲ့ မတ်​​ဆေ့ခ်ျ​​လေးကို ​တွေ့ ​တွေ့ ချင်းပဲ သူအ​ပျော်​လွန်​ပြီး ခ​လေးဆီ အ​ပြေးသွားခဲ့တာ။

သူ​ရောက်​သွား​တော့ အိမ်​ထဲမှာ ဘယ်သူမှမရှိ​တော့။
စားလက်​စ ဖရိုဖရဲ ထမင်းဝိုင်းနဲ့ ​ဆေးခတ်​ထားတဲ့ ​ကော်​ဖီခွက်​ရယ်​​ကြောင့်​ သူဘယ်​​လောက်​​သွေးပျက်​ခဲ့ရသလဲ သူသာ အသိဆုံးပါ​လေ။

သူနဲ့ လီရှင်းကြားထဲမှာ ခ​​လေးကို
လုံးဝ ​မြေစာပင်​မဖြစ်​​စေရပါ။

သူတို့ သုံး​ယောက်​မှာ တစ်​​ယောက်​​ယောက်​​သေမှ​အေးမယ်​ဆိုရင်​ သူနဲ့ လီရှင်း နှစ်​​ယောက်​ထဲက တစ်​​ယောက်​သာ ဖြစ်​ရမည်​။

သူက​တော့ ဘယ်​လိုအ​ကြောင်းမျိုးနဲ့ မှ ခ​လေးကို အထိခိုက်​ခံမည်​မဟုတ်​ပါ

***********************

ခန္ဒာကိုယ်​ကြီးက နိမ့်​တစ်​ခါ၊မြင့်​တလှည့်​နှင့်
တောင်​တက်​ကားတစ်စင်းကို စီး​နေရသလို ခံစားချက်​မျိုး

ရိ​ပေါ် အခု ကား​တစ်​စီး​ပေါ်​ရောက်​​နေတာလား!!

တစ်​ချိန်​တည်းမှာ အ​ပေါက်​တစ်​ခုက​နေ မျက်​နှာပြင်​ထက်​ကို ​တိုးဝင်​တိုက်​ခတ်​​နေတဲ့ ​လေတဖြူးဖြူး​ကို ခံစားလိုက်​ရသည်​။

Gangster And His Baby Wang(Completed)Unde poveștirile trăiesc. Descoperă acum