Part 3

9.6K 855 10
                                    

Zawgyi

ပျင်းရိစွာနဲ့ အတန်းချိန်​ ၃ ချိန်​တက်​အပြီးမှာ​တော့
ရိ​ပေါ်​မျှော်​လင့်​စောင့်​စား​နေတဲ့ ​နေလယ်​စာစားချိန်​​ ​ရောက်​ရှိလာပါ​တော့တယ်​ ဒီ​နေ့ က သူကြိုက်​တဲ့ menu ​တွေဆိုတာ သိ​နေပြီးသားမို့ ကန်​တင်းကို မြန်​မြန်​နဲ့ သွက်​သွက်​ပဲ အ​ပြေးလာခဲ့လိုက်​သည်

ကန်​တင်းကို​ရောက်​​တော့ လူ​တွေ အများကြီး တန်းစီ​နေ​သေးတာမို့ သွားမယူ​သေးပဲ ကျိရန်​နဲ့ ဟိုဟိုဒီဒီထိုင်​​ပြော​နေလိုက်​သည်​။
"မုံ့ မုံ့ က အရမ်းဆိုးတာ..ညညဆို ငါနဲ့ မှ တူတူအိပ်​တာကွ"ရိ​ပေါ် အာ​ပေါင်​အာရင်းသန်​သန်​​ပြော​နေမိသည်

အော်​ မုံ့မုံ့ ဆိုတာ ကျွန်​​တော့ အသက်​ ၁၅နှစ်​ပြည့်​တဲ့​နေ့ မှာ အိမ်​​ရှေ့ ကို ပါကင်​လှလှ​လေးနဲ့ ​ရောက်​လာခဲ့တဲ့ ​ကြောင်​မ​လေး..
ပြောရရင်​ ကျွန်​​တော်​ရဲ့ သမီး​လေး​ပေါ့..။

ဘယ်​သူ​ပေးတာလဲ မသိ​ပေမယ့်​ မှတ်​မှတ်​ရရ သမီး​လေးရဲ့ လည်​ပင်းမှာ​ X ဆိုတဲ့ စာလုံးနဲ့ လည်​ပတ်​​လေးပါလာတာမို့ X ဆိုတဲ့လူက ရိ​ပေါ်ကို လက်​​ဆောင်​​ပေးတာဆိုပြီးပဲ အလွယ်​ မှတ်​ထားခဲ့တာ..။

ဒါနဲ့ အခုမှ​တွေးမိတယ်​ X ဆို​တော့ မဟုတ်​မှ..?
မဟုတ်​​လောက်​ပါဘူး​နော်
Xiaozhan နဲ့ ရိ​ပေါ်နဲ့ က ဘာမှမဆိုင်​တာကြီး..
လျှောက်​မ​တွေးစမ်းနဲ့ ဝမ်​ရိ​ပေါ်

ထွေရာ​လေးပါး​ပြော​နေရင်း ဆူညံ​နေတဲ့ ကန်​တင်းကြီးက မီးကို​ရေနဲ့ ငြိမ်းလိုက်​သလို ​သေ​လောက်​​အောင်​ တိတ်​ဆိတ်​သွားတာမို့ ရိ​ပေါ်လည်း စပ်​စုချင်​စိတ်​နဲ့ အ​ပေါက်​ဝဘက်​ကို လှမ်းကြည့်​လိုက်​​တော့

ထျန်းနာ..
Xiaozhan နဲ့ သူ့ သူငယ်​ချင်း ​​ဟောက်​ရွှမ်းဆိုတဲ့လူ
နှစ်​​ယောက်​စလုံး ကန်​တင်းထဲကို ရုပ်​​သေကြီး​တွေနဲ့ ဝင်​လာကြတာ အထင်းသား​တွေ့ လိုက်​ရသည်​။

ဒီလူကြီး ပြန်​လာပြီဆိုတာ သိ​ပေမယ့်​ ချက်​ချင်းကြီး ​ကျောင်းကို ​ရောက်​လာမယ်​လို့ မထင်​ထားတဲ့အတွက်​ ရိ​ပေါ်လည်း လန့်သွားတာ​တော့ အမှန်​ပဲ
အားလုံးလည်း သူ့ လိုပဲဆိုတာ ​သေ​အောင်​တိတ်​ဆိတ်​​နေတဲ့ ကန်​တင်းနဲ့ ​ဟောင်း​လောင်းဖြစ်​​နေတဲ့ ပါးစပ်​​တွေက သက်​​သေပါပဲ

Gangster And His Baby Wang(Completed)Where stories live. Discover now