15 Chicken Soup & 2 Poetry Books

3K 360 7
                                    

နောက်နေ့တွင် သူမ ကြက်သားတွေ ထပြုတ်ပြီး ချိုင့်တစ်ခုထဲ ထည့်ကာ ဘီတာ့ အမေ နေမကောင်းဟု ဆိုကာ သူမ ဆေးရုံသို လစ်ထွက်လာလိုက်သည်။

ဖရန်းနီဆေးရုံသို့ ရောက်သော ဂျွန်နာဟာ
က သူမကို ကြောင်ကြည့်နေသည်။

"မမလေးက ဘာလာလုပ်တာလဲ။ ကျွန်တော် ဒီမှာ တက်မှန်း ဘယ်လိုသိတာလဲ။ "

"ဒီလိုပဲ မနေ့က အမှတ်မထင်တွေ့မိတာ။ အိမ်ပြန်ရောက်မှ သူက ဒယ်ဒီ့ကို ကယ်ရင်း ဒဏ်ရာရမှန်း သိတာ။ အဲ့တာနဲ့ Chicken Soup လေး လုပ်လာတာ။ အရည်လေး သောက်လို့ ရအောင်ပေါ့။"
"မလိုပါဘူး။ Boss က ကျွန်တော့် ကျေးဇူးရှင်ပါ။ နောက် Body Guard အလုပ်က ကျွန်တော့်အလုပ်ပါ။ မမလေး ကျေးဇူးတင်စရာမလိုပါဘူး။ အိမ်သာ အမြန်ပြန်ပါ။ အခုချိန်က မမလေးအတွက် အန္တရာယ်များတယ်။"
"ဘာမှ မဖြစ်ပါဘူး။ ဒါလေး သောက်ပြီးရင် ပြန်မယ်လေ။"
(သူကတော့ မျက်ခုံးလှုပ်နေသည်။ Boss က သူ့ သမီးကို သိပ်တိုတာ။ ပြသနာမတက်ချင်ပေ။ ပေတေလေလွင့်နေသော သူ့ကို သူဌေးဒန်နီရယ်က ဆေးတွေဖြတ်ကာ ဂိုဏ်းကဆွဲထုတ်ပေးခဲ့သည်။ ဒါကို သူ့ဂိုဏ်းခေါင်းဆောင်က လက်မခံသဖြင့် စီးပွားရေးအရ လက်အောက်ခံစေပြီး သူတို့ ၃ယောက်ကို အရယူခဲ့သည်။ ဒါနှင့်သာ သူတို့ဘဝ အေးချမ်းစေသည်မလား။ ဒါကို သူ့သမီးနှင့် မရှင်းမရှင်း နေမိပါက ကျေးဇူးဆွပ်သလို ဖြစ်လိမ့်မည်။)
"စားပြီးရင် ပြန်မယ်မလား။"
"အင်း ပန်းကန်လုံးထဲ ထည့်လိုက်မယ်နော်။"
ပြောဆိုကာ ဖရန်းနီ ထည့်ပြီးတော့
သူ့ကို သောက်စေသည်။
မပူအောင်တောင် မှုတ်ပေးသေးသည်။ သူက သူ့ဘာသာ သောက်မိလုပ်တော့ ထိုကလေးမက ပန်းကန် ကမ်း ပေးလိုက်သည်။ သူသောက်ပြီးတော့ Tissue တွေယူပေးနှင့် တစ်ယောက်တည်း အလုပ်ကိုများနေလေသည်။

လူတစ်ယောက် ကိုယ့်ကို ဒီလို အရေးတယူ ရှိတာ ဒီလောက် ပျော်ဖို့ကောင်းမှန်း သူမသိခဲ့ချေ။

သူ့ဘဝတွင် သူက မိဘမဲ့။ တစ်ကောင်ကြွက် လုပ်ချင်ရာ လုပ်ပြီး နေခဲ့သူ။ စားပြီးတွင် Tissue ကမ်းခံရဖို့ မပြောနဲ့။ ပါးစပ်တွေ ပေနေတယ်ဟု ပြောမည့်သူတောင်မရှိခဲ့။
"စားကောင်းလား။ အယ်လေ သောက်လို့ကောင်းလား။"
"အင်းကောင်ပါတယ်။ ပြန်တော့လေ။"
"တော်သေးတာပေါ့ ဆီနဲနဲများမယ်ထင်တာ မများလို့ တော်သေး။ မအီဘူးမလား။ "
"မအီပါဘူး သောက်လို့ကောင်းတယ်။"
"ပြန်တော့လေ။"
‌"နေပါဦး မပျင်းဘူးလား။ ကဗျာလေးတွေ မဖတ်ချင်ဘူးလား။ စာအုပ်ပါလာတယ်။"
"ကျွန်တော် အဲ့လို အနုအရွတွေ စိတ်မဝင်စားဘူး။ "
"သိပ်မနုပါဘူး။ ဖတ်လို့ ကောင်းပါတယ်။ ဟောဘက်က ပြတင်းပေါက်ကို ကြည့်ပြီး ကဗျာလေးဖတ်ရင် ဒဏ်ရာနာတာတွေ မေ့မှာ ဒီမှာ ထားခဲ့မယ်လေ ဖတ်‌ဖို့။"
"ဒဏ်ရာရတာ ကျွန်တော် တစ်ယောက်တည်းမှ မဟုတ်တာ။ ဘာလို့ ကျွန်တော်တစ်ယောက်တည်းကို လာကြည့်တာလဲ။"
"အိမ်က အိုးလေးက တစ်ယောက်စာလောက်ပဲလောက်တာ။
ကြက်သားက လည်း တစ်ကောင်ပဲ ရှိတာမို့ နောက်နေ့မှ သူတို့ကို သွားပေးမယ်လေ။ Priority is only you. You are my apple မို့ပေါ့။ ပြန်တော့မယ်။ အခုတောင် လစ်ထွက်လာတာ။ ပိုတာ ညနေသောက်လိုက်နော်။ မနက်ဖြန်မှ ထပ်လာခဲ့မယ်။"
ဂျွန်နာဟာတော့ စိတ်တွေ ညစ်နေသည်။
x x x x x
"အိုလီရန်း ဖရန်းနီ ဘယ်ထွက်သွားတာလဲ။"
"ဆေးရုံတဲ့ ဘီတာ့အမေ နေမကောင်းလို့ဆိုလား။ ခဏတဲ့"
"Shit သူ့ကို အပြင်မထွက်ပါစေနဲ့‌ဆိုတာ။"
"ကျွန်တော် လူတစ်ယောက်ထည့်ပေးလိုက်ပါတယ်။"

ငါက ဇာတ်လိုက်လား ဗီလိန်လား အရံလားWhere stories live. Discover now