58

2K 192 0
                                    

အူရာဗနာစစ်

ဟန်နာနဲ့ သူနဲ့ တွေ့‌ဆုံမှုကတော့ သူ၏ ခြံတစ်ခြံကို ဟန်နာက ဝယ်ယူလိုက်ခြင်း‌ေပ။
အစကတော့ သူ က agency ကိုသာ အပ်ထားပေမယ့် ဟန်နာက ဈေး သိပ်မတတ်နိုင်တော့ ‌ပိုင်ရှင်နှင့် တွေ့ကာ ဈေးညှိချင်သည် ပြောသည်နှင့် ဟန်နာနဲ့ လက်ခံ‌ေတွ့ဆုံခဲ့လေသည်။
အူရာက ဟန်နာမှန်းမသိ၊ ဟန်နာကလည်း အူရာ မှန်းမသိကြချေ။
သူတို့ 2ဦး တွေ့မိကြတော့ အူရာက ဖရန်းနီ သူငယ်ချင်းဟန်နာကို ဈေးအတော် လျော့ပေးလိုက်လေသည်။ သူမလောက် ရိုးသားစွာ ကြိုးစားနိုင်သည်ကို သူ မတွေ့ဖူးချေ။ မိဘမရှိ ဦးလေးလင်မယား အငြိုအငြင်ခံကာ ကျောင်းတက် မင်းသမီး လုပ်ကာ အောင်မြင်ခဲ့သည်။ သူမက ဘီတာလောက် နာမည်မရသော်လည်း သူမ အနေနဲ့ နာမည်က ဘီတာ့လို ရှုပ်ထွေး‌မနေချေ။

ဟန်နာက ဈေး အတော်ကြီး လျော့ပေးလိုက်သဖြင့် အားနာပြီး အူရာကို ထမင်းဖိတ်ကျွေးလေသည်။
ဒီလိုနဲ့ သူမတို့ 2ဦး ရင်းနှီးခဲ့လေသည်။

ဟန်နာ မထင်မိသည်က အူရာသည် ရုပ်ရှင်ကို ဒီလောက် ရူးသွပ်မည်ဟူ၍ပင်။

သူတို့တွေ ဟိုး အရင်ခေတ်ကနေ အခုခေတ်အထိ ဇာတ်ကားတွေ ဆွေးနွေးကြသည်။ စကားတွေ ပြော ဖြစ်ကြသည်။
ဒီလိုနဲ့ သူတို့ နှစ်ဦးသည် မိတ်ဆွေရင်းတွေလို ဖြစ်နေလေခဲ့သည်။
သေချာတာကတော့ ဟန်နာက အဆင့်တက်ချင်ပေမယ့် အူရာက ဘယ်တော့မှ မလှုပ်ပေ။
သူမက အရိပ်အမြွက်ဆိုသော်လည်း အူရာက သူ့ကျန်းမာရေးကြောင့် မည်သူကိုမျှ မစဉ်းစားနိုင်ကြောင်း ပြန်လည် ဖြေကြားလေသည်။
ဒီလိုနဲ့ ဟန်နာက အူရာဗနာစစ် အနားတွင် နေနိုင်ရုံမျှနဲ့ ကျေနပ်နေခဲ့ရလေသည်။

x x x

ဖရန်းနီ Highschool အောင်သွားလေသည်။
သူမက ကော်ဘရာနဲ့ သိပ်ပြီး စကားမပြောဖြစ်တော့ချေ။ ဒီကြားထဲ သူမနည်းသည်းခံရလေသည်။ အမြဲ ကော်ကပ်သလို ကပ်ထားကြတဲ့ သူတို့က ရုတ်တရက် ခပ်ကွာကွာနေလိုက်တော့ ကော်ဘရာတော့မသိ၊ ဖရန်းနီကတော့ ရူးမတတ်ပင်။

ဖရန်းနီက ဆေးခန်း ရက်ချိန်း ရောက်လာတော့ သူမ တစ်ယောက်တည်း သွားမည်ဟု ဆုံးဖြတ်လိုက်လေသည်။
ကော်ဘရာကို သူမ မခေါ်ချင်တော့ချေ။

ငါက ဇာတ်လိုက်လား ဗီလိန်လား အရံလားWhere stories live. Discover now