86

1.7K 135 8
                                    

Sorry for only one part! 😁

လူတွေဟာ လဲကျရင် ပြန်ထူနိုင်ရလောက်တဲ့ လက်တစ်စုံ လိုအပ်တယ်ပေါ့လေ။
တစ်ခါတစ်လေ တော့လည်း တွန်းချ ခံရတတ်ပါတယ်။

x x x

ဒန်နီရယ်က နှလုံးခွဲစိပ်ကာ ဆေးရုံ မှ ဆင်းလာခဲ့ပြီး အိမ်အခြေအနေ ရိပ်စားမိသော်လည်း သူ့ကို ဘယ်သူမှ ဘာအကြောင်းမှ မပြောချေ။ သူသတင်းခိုးကြည့်လိုက်တော့ Auddin နဲ့ ဖရန်းနီ စေ့စပ်တာ‌ေနာက်ဆုတ်မည်ဆို‌ေသာ သတင်းသာ တွေ့ရသည်။
ဘာတွေ ဖြစ်ခဲ့သလဲ သူ သေချာမသိ။ အိုလီရန်းကလည်း သူ့ကို မပြော။ ကော်ဘရာရော ‌အဆင်ပြေလား သူမေးကြည့်တော့ ဒီကို ပြန်လာသည်တဲ့။ ဒါဆို အခုလတ်တလောတော့ အားလုံး နေကောင်းကာ အဆင်ပြေလေသည်။ နောက်မှ သူနေကောင်းမှသာ သေချာ ပြန်စိစစ်ရမည်။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာပေါ့။

x x x

ဂျူးဆို တစ်ယောက် စိတ်ဓာတ်ကျနေသည်။ သူမ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ။

တစ်နေ့ သူမ မာမီထံသို Norah အမေက pH ဆက်လာလေသည်။
မာမီက ဂျူးဆိုဆီ pH လှမ်းပေးပြီး "သူက သမီးနဲ့ စကားပြောချင်လို့တဲ့"
"သမီး မပြောချင်ဘူး မာမီ"
"ခဏပါ သမီးရယ် သူက အတင်းပြောနေတာ မာမီလည်း ငြင်းမကောင်းလို့ပါ။ ပြီးတော့ သမီးပဲ သူ့ကို ချစ်ဖို့ကောင်းတယ်။ လေးစားဖို့ကောင်းတယ်ဆို။ သူက အခြားသူတွေလို သမီးကို စိတ်ရှုပ်စေမှာ မဟုတ်ပါဘူး ပြောလိုက်ပါနော် ဖရန်းနီ"
ဒီလိုနဲ့ သူက Norah အမေနှင့် pH စကားပြောလေသည်။
သူမက သူ့ကို သူ၏ ပရဟိတ အလုပ်တွင် လူလိုသဖြင့် ဒီအပတ်တွင် ပါဝင်ကူညီနိုင်မလားပေါ့။ သူက ငြင်း။ Norah အမေက အတင်းခေါ်နဲ့။ နောက်ဆုံး သူမက လာမည်ဟု စိတ်ရှုပ်ရှုပ်နှင့် ဖြေလိုက်ရလေသည်။
သူ့programက စိတ်တော့ လှုပ်ရှားစရာ။
အနာကြီးရောဂါသည်တွေကို လက်ဆောင် ပစ္စည်းတွေ ပေးပြီး ထမင်းလက်ဆုံစားကြမည်။
အခုထိ အတူ သွားလာဖို့ကို မသိမသာရှောင်ကျဉ်နေကျတုန်းကို အတူတူ တဝိုင်းထဲ ထိုင်စားကြမည်တဲ့။

ဂျူးဆိုကို သူမက အိမ်အထိ လာခေါ်လေသည်။ သူမက ဘာလိုနေသေးဘာညာ ဘာမှ မမေး။ ဂျူးဆို ဘာလို့ သတ်သေသလဲလည်း မမေး။

ငါက ဇာတ်လိုက်လား ဗီလိန်လား အရံလားWhere stories live. Discover now