၅ (အတိတ်)

6.7K 556 11
                                    

Unicode

'ဘာဖြစ်လို့မှိုင်တွေနေတာလဲ ငုံ... ဖူးပွင့်ငုံနဲ့မတူအောင်...'

'ငါ စိတ်ညစ်လို့ပါဟာ... အခုတလော နေလို့ကိုမပျော်ဘူး...'

'အံမယ် ကြီးကြီးကျယ်ကျယ်နဲ့... ဘာဖြစ်လို့လဲ...'

တခန်းလုံး မုန့်စားဆင်းသွားကြသော်လည်း ထူးထူးဆန်းဆန်း ငုံစားချင်စိတ်မရှိပေ...

စားပွဲပေါ်မှာ ပျင်းရိစွာ မှောက်အိပ်လိုက်ရင်း သော်တာမေးတာကိုတောင် ချက်ချင်းပြန်မဖြေမိ...

'နင်စဉ်းစားကြည့်စမ်း... တက္ကသိုလ်မှာ ရည်းစားထားကြတာ ပုံမှန်အလေ့အထကြီးတခုလား... မထားပဲ နေလို့မရဘူးလား... မထားပဲနေရင်ဘာဖြစ်သွားမှာမို့လဲ...'

'ဟမ်... ဘာဖြစ်လို့လဲ... ဘာလဲ မမနွေက ရည်းစားထားနေလို့လား...'

'မမနွေ မဟုတ်ပါဘူးဟာ... မမဇုံပါ...'

'နင့်ဟာကလွန်လွန်းတယ်... မမနွေကျတော့လည်း ရည်းစားထားမှာစိုးတယ်... မမဇုံကျတော့လည်း ရည်းစားထားမှာစိုးတယ်... သူတို့က ကလေးတွေလား တက္ကသိုလ်တောင်ရောက်နေပြီကို သူတို့ဟာသူတို့ရည်းစားထားတာ ဘာဖြစ်လဲ... နင်ကကော အဲ့အရွယ်ရောက်ရင် ရည်းစားမထားပဲနေမှာမို့လို့လား... အဲ့လို လိုက်မပိတ်ပင်စမ်းပါနဲ့ဟာ... တော်ကြာ နင်ဝဋ်လည်နေလိမ့်မယ်သိလား...'

'တော်စမ်းပါ... စိတ်ညစ်ရတဲ့အထဲ နင်ကတမျိုး... ကိုယ့်ဟာကိုယ် မုန့်ပဲသွားစားစမ်းပါ...'

'ငါ့ချစ်သူငယ်ချင်းလေးက စိတ်ညစ်ပြီး မှိုင်နေတာကိုငါက မုန့်သွားစားရမှာ မျိုမကျပါဘူးဟယ်... မသွားတော့ပါဘူး...'

'ဟွန်း...'

မျက်စောင်းတချက်သာထိုးလိုက်ပြီး ခါတိုင်းလိုအပြိုင်အဆိုင် စကားနိူင်လုမနေတော့...

မမနွေကို ရည်းစားမထားစေချင်တာက ငုံအပေါ်မှာဂရုစိုက်တာ လျော့သွားမှာစိုးတဲ့အတ္တဖြစ်ပြီး မမဇုံကိုကျတော့ ဘာလို့မှန်းမသိ...
သူများပိုင်ဆိုင်သွားမှာကို စိတ်ပူတာအပြင် အနားမှာပဲ အမြဲတမ်းရှိစေချင်တာ...
မမနွေလိုပဲ ငုံကိုဂရုစိုက်ပေးတာခံချင်တာ...
အမြဲလိုလို စိတ်ရှုပ်နေပုံပေါက်နေတဲ့ မျက်နှာအစား ပြုံးနေတဲ့မျက်နှာလေးကို မြင်ချင်တာ ...

ZONEOpowieści tętniące życiem. Odkryj je teraz