၁၈

10K 719 73
                                    

Unicode

'ငုံလေး...'

'ဟုတ်ကဲ့ Boss... ခေါ်တယ်ဆိုလို့ပါ...'

အခန်းထဲရောက်ကတည်းက ဇုံ့မျက်နှာကို မကြည့်ပဲ ခေါင်းငုံ့ကာဖြေသည်...

'ထိုင်လေ ငုံလေး... ဘာသောက်မလဲ...'

'ရပါတယ်... ငုံ ဘာမှမသောက်ပါဘူး... Boss ခေါ်တယ်ဆိုလို့...'

'အဲ့ဒါ...'

သူစိမ်းတွေလို ခပ်တည်တည်ကြီးလုပ်နေသည့် ငုံကြောင့် ဇုံ ဘယ်ကစပြောရမှန်း မသိတော့ အမှုမဲ့အမှတ်မဲ့ဖြင့် မျက်ခုံးတို့ကိုသာ ကုတ်နေမိသည်...

ငုံသည်လည်း တဒိတ်ဒိတ် ရင်ခုန်သံတွေရယ်၊ ဘယ်ကမှန်းမသိတဲ့ ဝမ်းနည်းမှုတွေရယ်ကြောင့် မော့မကြည့်နိူင်ပါ...

'ငုံလေး... ကိုယ့်ကို အရမ်းစိတ်နာနေမှာပေါ့နော်... ကိုယ်လေ...'

'ငုံ ဘယ်သူ့ကိုမှစိတ်လည်းမဆိုး စိတ်လည်းမနာပါဘူး... ဖြစ်ခဲ့သမျှဟာတွေ အကုန်လုံးက ငုံ ပေးဆပ်ရမဲ့ ဝဋ်ကြွေးတွေလို့ပဲ သဘောထားပါတယ်...'

အသံတွေမတုန်အောင် ထိန်းထားတဲ့ကြားက အသံကတုန်သွားသေးတာမို့ ငုံကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသည်...

'ဒါဆို ကိုယ့်ကို ကြည့်လေ... အရင်က ကိစ္စတွေအားလုံးကို ကိုယ်တောင်းပန်မယ်... ပြီးရင်တော့ ငုံလေးနဲ့ကိုယ် အရင်ကအတိုင်းပြန်ဖြစ်ပြီလို့ ယူဆလို့ရမယ်မလား...'

'.....'

'ဟင်..?ဖြေပါဦး... တကယ်တမ်းက ငုံလေး ကိုယ့်ကို ခွင့်မလွှတ်နိူင်ဘူးမို့လား... ကိုယ်မှားခဲ့တယ်ဆိုတာ ကိုယ်သိပါတယ်... အဲ့ဒီနေ့က ငုံလေး အဲ့ဆိုင်မှာ ရှိနေတာ ကိုယ်မသိခဲ့ဘူး... ပြီးတော့ ငုံလေးရဲ့အဖေ...'

'ဟင့်အင်း... ဆက်မပြောပါနဲ့တော့... ငုံ... ငုံ...'

အတင်းထိန်းထားတဲ့ မျက်ရည်တွေက ဆည်ကျိုးသလို ဝေါခနဲ စီးဆင်းလာသည်...
ရုတ်တရက်ဖြစ်ပျက်သွားခဲ့တဲ့ အတိတ်တချို့ဟာ အခုချိန်ထိ ငုံ့ကို တုန်လှုပ်စေနိူင်တုန်း...

'မငိုပါနဲ့ ငုံလေးရယ်... ကိုယ်မပြောတော့ပါဘူး... ကိုယ်ပြောမိခဲ့တဲ့ စကားတွေအတွက် ငုံလေး ခွင့်လွှတ်တဲ့အထိ ကိုယ်တောင်းပန်နေမှာ... အဲ့ဒါလေးတော့သိထားပေး.. ရပြီ ငုံလေးအခု အရမ်းနေရခက်နေတယ်ဆိုရင် သွားလို့ရပြီ... နေဦး မျက်ရည်တွေ သုတ်သွားဦး... တော်ကြာ သူများတွေက ဘာလိုလိုထင်နေကြဦးမယ်...'

ZONEWhere stories live. Discover now