၁၃ (အတိတ်)

5.8K 498 21
                                    

Unicode

မသင်္ကာကြည့်နှင့်ကြည့်ကာ ကျန်ခဲ့သည့်သော်တာ့ကို မသိချင်ယောင်ဆောင်ထားခဲ့ပြီး မမအိမ်ကလေး၏ ကားပေါ်လိုက်လာခဲ့သည်...
အခုအချိန်ထိ မေးသင့်လား မမေးသင့်လားဆိုတာ ငုံဝေခွဲလို့မရသေးပါ...

သိချင်တဲ့စိတ်တွေကတဖက်...
ကိုယ့်ရဲ့ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေကို သူစိမ်းတယောက် ရိပ်မိသွားမှာစိုးတာတဖက်...
ငုံစိုးရိမ်သလို တကယ်ဖြစ်နေမှာကို မယုံရဲတာကတဖက် လွန်ဆွဲနေကြသည်...

အရင်တုန်းက ငုံဆိုတာ ဒီလိုမျိုးမှမဟုတ်ပဲ...
သိချင်တာရှိရင် စိတ်ထဲမှာသိမ်းမထားပဲ မေးလိုက်ရမှနေသာထိုင်သာရှိတာ...
အခုတော့ငုံသည် မျိုသိပ်ကာ လျှို့ဝှက်တတ်တဲ့ကောင်မလေးတယောက် ဖြစ်မှန်းမသိဖြစ်လို့နေခဲ့ပြီ...

တကယ်တော့ အကြောင်းမဲ့မျိုသိပ်ထားခြင်းမျိုးမဟုတ်ပဲ ဘေးကလူတွေကို မယုံကြည်ရဲတာဖြစ်သည်...
ငုံတယောက်တည်းသာ ကွဲထွက်နေသလို ခံစားချက်နှင့်အတူ အလိုလိုနေရင်း သိမ်ငယ်ပြီး အထီးကျန်ရသည်...

ပြီးတော့...
ငုံ့သံသယတွေကို ပိုပြီးသေချာစေတဲ့ အကြောင်းအရင်းကလည်း အခိုင်အမာကို ရှိနေတယ်လေ...

အဲ့ဒါ ဘာလဲဆိုတော့...
မမဇုံက ငုံဆက်သမျှဖုန်းတွေကို မကိုင်တော့ဘူးလေ...
ငုံ သဘောကျနေမိတာကို သိသွားပြီး ငုံ့ကို မပတ်သတ်ချင်တော့တာအပြင် ဘာရှိဦးမှာလဲ...

ငုံ့ဘက်က Msg ၁၀ စောင်​လောက်ပို့မှ မအားလို့ဆိုပြီး အကြောင်းပြတတ်တဲ့ ၁ကြောင်းတည်းသော Msg conversation တွေက သက်သေ...
ချစ်စနိုးပို့တတ်တဲ့ Emoji အပြည့်နဲ့ Msg တွေက အခုတော့ သူစိမ်းဆန်လွန်းလှသည်...

အချစ်ဆိုတာကြီးက ငုံမဖိတ်ခေါ်ပဲရောက်လာခဲ့ပြီးမှ ငုံ့ဘက်ကကြီးပဲ တဖက်သတ် တယောက်တည်းခံစားနေရတာ တရားတယ်လို့မထင်သလို မမဇုံနဲ့ငုံဟာ ချစ်သူတွေလည်းမဟုတ်ပါပဲ သဝန်တိုနေမိတာဟာ ဖြစ်သင့်တဲ့ကိစ္စလားဆိုတာ မဝေခွဲနိူင်ပါ...

ငုံသိတာက မမဇုံကို ငုံတယောက်သာ ပိုင်ဆိုင်ချင်သည်...

ပြီးတော့ ဒီလိုမျိုး ဝေခွဲမရတဲ့ ခံစားချက်တွေကို မညည်းမညူနားထောင်ပေးမဲ့ လူတယောက်ကို လိုအပ်သည်...
ဖြစ်နိူင်ရင် ငုံ့ရင်ထဲက ပဟေဠိကို အဖြေရှာပေးမဲ့သူမျိုး...

ZONEWhere stories live. Discover now