၂၉

8.9K 630 39
                                    

Unicode

'ဟာ ဒုက္ခပါပဲကွာ... မြန်မြန်ရောက်ချင်ပါတယ်ဆိုနေ...'

ပါးစပ်ကလည်း မရပ်မနားညည်းညူရင်း ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်ရင်း လင်းသန့်ကိုခေါ်မလာမိတာကို နောင်တရချင်သွားသည်...

ဒီနေ့ ရုံးကိုရောက်မှ အလုပ်ကိစ္စပေါ်လာတာနဲ့ တယောက်တည်း ပဲခူးကိုထွက်လာခြင်းဖြစ်သည်...
ကိုယ်တိုင်မလာလို့လည်းမဖြစ်တော့ ရုံးကကိစ္စတွေကို လင်းသန့်နဲ့လွှဲထားခဲ့ပြီး ကတိုက်ကရိုက်ထွက်လာမိလိုက်တာ...
အသွားတုန်းကတော့ အဆင်ကိုချောလို့ပဲ...
အလုပ်လည်းအဆင်ပြေ အကုန်အဆင်ပြေပေမဲ့ အပြန်ကျမှ ကားက‌ ဗွေထဖောက်ပြီး ဘီးပေါက်သွားတော့သည်...
အရင်ကဆို ဇုံက ကားနဲ့ခရီးထွက်ခါနီးရင် ကားကိုစိတ်ကြိုက်စစ်ဆေးပြီးမှထွက်တာမို့ ဒီလိုအဖြစ်မျိုးတခါမှမဖြစ်ဖူး...

အနီးအနားမှာလည်း ဝပ်ရှော့တွေဘာတွေမတွေ့...
ခါတိုင်းတော့ ကားဝပ်ရှော့တွေ ဒီလောက်ပေါလျက်နဲ့ အခုမှ ဘယ်ရောက်ကုန်ကြလည်းမသိ...

မတတ်နိူင်...
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဟာကိုယ်သာ spare wheel လဲရတော့မည်...
တခါမှတော့ မလုပ်ဖူးပေမဲ့ အဆင်တော့ပြေမှာပါ...

'အကူအညီလို‌သေးလားဗျ...'

တယောက်တည်း အလုပ်ရှုပ်နေတုန်း ဘေးကအသံကြောင့် လှည့်ကြည့်လိုက်တော့ ဇုံနဲ့ရွယ်တူလောက်ရှိမည့် ယောင်္ကျားတယောက်...

'ခင်ဗျား တယောက်တည်း ဘီးလဲရတာ အဆင်ပြေမယ်မထင်လို့မေးတာပါ...'

တည်ငြိမ်တဲ့မျက်နှာနဲ့သူက မျက်ခုံးကိုပင့်ကာ ထပ်‌ပြောသည်...
သူ့ကိုကြည့်ရတာ မိန်းကလေးတယောက်တည်းမို့ တမင်ဖွန်ကြောင်ချင်လို့ထက် တကယ်ကူညီပေးချင်တဲ့ပုံစံမို့ ဇုံလည်း ငြင်းမနေတော့ပဲ လက်ခံလိုက်သည်...

'အဲ့ဒါဆိုရင်တော့ ကျေးဇူးတင်ရမှာပဲ... ကျမအတွက် ပိုအဆင်ပြေတာပေါ့...'

'အိုခေ...'

သူကခေါင်းတငြိမ့်ငြိမ်နဲ့ ဇုံ့လက်ထဲကဘီးကို လွှဲပြောင်းယူသည်...

သူကကျွမ်းကျွမ်းကျင်ကျင်ပဲ ဘီးကိုလဲတပ်နေပြီး အပိုစကားတခွန်းမှမဆို...
ဇုံက သူလုပ်သမျှကိုလိုက်ကြည့်ရင်း သူ့ကို မသိမသာအကဲခတ်နေမိသည်...
ရုပ်ရည်က မင်းသားတွေလို အရမ်းချောမနေပေမဲ့ ပါးသိုင်းမွှေးရေးရေးနဲ့ ဆွဲဆောင်မှုတော့ရှိပါသည်...

ZONEWhere stories live. Discover now