အပိုင်း ၆

1.4K 163 27
                                    

Zawgi

ကုမ္ပဏီထဲဝင်ကတည်းက လှည့်ပတ်ကြည့်နေမိသည်။
အစမ်းလေးကျင့်ရမည့် အခန်းရောက်သည်ထိလည်း
ကြည့်နေမိသည်။ ​ပြောတော့CEOလာမှာတဲ့ ဘာမှလည်း ပြုပြင်မှုမရှိပေ။ တကယ်ကောလာမှာဟုတ်ရဲ့လားဟု
သံသယသေးသေးလေးဝင်လာသည်..ဟူး..။

"ဟိုဆော့CEOလာမယ်ဆိုပြီး အပြင်အဆင်လည်း
လုပ်မထားဘူးနော်”

"ကြိုပြီးအကြောင်းကြားထားတာမရှိလို့နေမှာပေါ့”

"အေးနော်”

"အင်း”

နှစ်ယောက်လုံးစိတ်လှုပ်ရှားမှုဖြင့် အနည်းငယ်တော့
ငြိမ်သက်နေကြသည်။ ဘယ်လိုပဲဆိုဆိုအနည်းငယ်တော့
မတည်မငြိမ်ဖြစ်ရသည်မှာထုံးစံလို...။

အခန်းထဲဝင်ဝင်ခြင်းဒါရိုက်တာစက်အဖွဲ့လောက်က အ
လုပ်ရှုတ်နေကြပြီး ကင်နန်းဂျွန်နဲ့ကင်ထယ်ယောင်းကို
တော့ ကျက်သရေယုတ်စွာမြင်တွေ့ရသည်။
တစ်နေ့ကမှလတ်လတ်ဆတ်ဆတ်ဖြစ်သွားတဲ့ ပြဿနာ
ကြောင့် ကင်ထယ်ယောင်းကိုမြင်မြင်ခြင်း ကျက်သရေ၊
နွာသရေ၊ကြောင်သရေ၊ကြွတ်သရေ၊ကမ္ဘာပေါ်မှရှိရှိသမျှ
သရေအကုန်ယုတ်သည်..။ ဤမျှလောက်ထိုလူကိုဟိုဆော့
စောက်မြင်ကပ်ပါသည်..။ ထို့အတူထိုလူနှင့်အပေါင်းအပါ
ကင်နန်းဂျွန်ကိုလည်း အမြင်ကပ်သည်မှာ
မဆန်းတော့ပေ။

အခန်းထဲတွင်အရင်နေ့တွေကလို ဘာမျှထူးထူးခြားခြား
ဖြစ်မနေသည့်အတွက် သက်ပြင်းသာခြလိုက်ရသည်။
တကယ်ပဲလာမှာမဟုတ်ဘူးထင်တယ်....။
ဘာရယ်မဟုတ်နောက်ထပ်တွေ့ခြင်သေးတယ်..။

"မင်းသားတို့တောင်ရောက်နေကြပြီပဲ အခုကျွန်တော်
တို့ဗီလိန်ကမလာသေးဘူးဖြစ်နေတယ် ခဏတော့စောင့်ရမယ်ထင်တယ်..ဟာပြောရင်းဆိုရင်းလာပြီ”

"ချန်းမယ်ပါနောက်ကျသွားရင်တောင်းပန်ပါတယ်ရှင့်”

ပြုံးပြုံးလေးနဲ့ချန်းမယ်ဝင်ရောက်လာတော့ ​ဂျောင်ကုကျောခြမ်းရလေသည်..။ မသာမကဒီကိုဘယ်ကဘယ်လို
အော်ရိုက်ကွင်းတာဝန်ခံက ချန်းမယ်ရဲ့နာမည်နားမှား
အဲ့ဟာမအဖေမျိုးရိုးနာမည် ထည့်ထားခဲ့တာလား..။ဒီဖေ... စိတ်လျော့စိတ်လျော့.. ဒီဟာမနဲ့ဝေးရာနီုပြေးကာမှအနီး
ကပ်ကိုပါလား...။ အသက်ကိုဖက်နဲ့ထုပ်သာထားခြင်တော့တယ်.. အမလေး...။

Role Model. U & Z (completed) Where stories live. Discover now