Zawgi
ပထမဆုံးရိုက်ကွင်းစမည့်နေ့ဖြစ်သောကြောင့် စောစော
ထ၍ပြင်ဆင်ရတော့သည်။ မဟုတ်ရင်အလွဲလွဲအချော်
ချော်ဖြင့်ကင်နန်းဂျွန်ကသိတဲ့အတိုင်း ဆရာကြီးလုပ်နေဦးမှာလေ.။"ဟိုဆော့ရေနန်းတွင်းအဝတ်အစားတွေပဲ၆လလုံးနှစ်ပါးသွားရမယ်ထင်ပါရဲ့ကွာ...ဟား..ဟား”
"အေးနော်..ရွှေဂွန်းပြည်မှယွန်းအလင်္ကာ ဝတ္ထုကိုဘာ
သဘောနဲ့များမင်ယွန်းဂိကရေးခဲ့လည်းမသိဘူး
တကယ်ဆိုမင်းကခံဘက်ကကြည့်ပဲအတော်လေး
ကသိကအောက်နိုင်တယ်”ဟိုဆော့ကပါ ဝင်ရောက်အားတတ်သရောပြောလာတော့ သူ့မှာလည်းမကျေနပ်ချက်တွေကိုဖွင့်ဟရသည်။
"ဟုတ်တယ်အခုဟာကလီအိုဆွန်း(ဂျောင်ကုရဲ့ဇာတ်
ကောင်)ကို လုံးဝကွာယောက်ျားလေးတစ်ယောက်တောင်
မဟုတ်တော့ဘဲ မိန်းကလေးထက်တောင် နိမ့်တဲ့သူဆင်းရဲ ပြီးတော့ အားနေရှင်ဘုရင်က ဓားမိုးနေတယ်နောက်ဆုံး
ကြတော့သားအတွက်သေပါလေရော ကဲကြည့်
လီအိုဆွန်းခမြာသေရော လီအိုဆွန်းနေရာသရုပ်ဆောင်မဲ့
ငါကကော တကယ့်ကိုလမိုင်းမကပ်ထာပဲ ဒါပေမဲ့
အစမ်းသရုပ်ဆောင်ကြည့်တော့ငါနဲ့အဆင်ပြေသလိုပဲ”"ဟုတ်တယ်မင်းနဲ့လိုက်တယ်တော်တော် အရမ်းရိုင်းပြီး
အကြောတင်းတဲ့မင်းနဲ့ လီအိုဆွန်းကအေးအေးချမ်းချမ်း
လေး တစ်ခြားစီပဲ...”မဲ့ရွဲ့ကာပြောနေတဲ့ဟိုဆော့ကျောကို တစ်ဗုန်းဗုန်းမြည်
အောင်ထုပြစ်ချင်သော်ငြားလည်း စိတ်ထဲမှာသာထား
လိုက်ရသည်။"ခွေးကောင်”
"ကြည့်ပါ့လားပြောရင်းဆိုရင်း
အရိုင်းအစိုင်းတာဇံကောင်”"မင်းလေအဲ့ဒါ”
သူတို့နှစ်ယောက်သတ်ကြပုတ်ကြရင်းနောက်ဆုံးတော့
လည်းအကုန်ထည့်ပြီးကားနဲ့ထွက်ခဲ့ကြလေသည်။
ယနေ့ကရိုက်ကွင်းအစလေ...။ရိုက်ကွင်းရောက်တော့ အားလုံးလူစုံနေခြေပြီကင်နန်းဂျွန်
ကတောင်ဝတ်စုံလဲပြီးနေခြေပြီ..။သျှီလာရဲ့ဘုရင်မင်းမြတ်ဂျောင်ထယ်ယောင်းပုံစံအတိုင်း
အင်မတန်မှထည်ဝါလွန်းလှသည်။