အပိုင်း ၁၆

1.3K 145 15
                                    

Zawgi

ကင်နန်းဂျွန်အိမ်မှ ပြန်လာပြီး အိမ်တွင်းအောင်း ​နေမိသည်။ တော်သေးတာက ယနေ့နားရလို့ မဟုတ်ရင်ရိုက်ကွင်းမှာ တွေ့နေရဦးမှာ..ဟူး..။

ညတုန်းကအဖြစ်အပျက်တွေကို
မေ့ရန်ခေါင်းရေဆေးပြီး ကြည်နူးနေတာတွေကော ရှက်နေတာတွေကောကို ခဏတာ ​မေ့ဖြောက်ချင်သည်လေ။ သို့သော်ငြား ညကဟိုဆော့နဲ့ချန်းမယ် ဘယ်ရောက်သွား
မှန်းမသိခဲ့တာကြောင့် ဟိုဆော့ဆီဖုန်းဆက်တော့ ဖုန်းကဝင်သာဝင်ကာမကိုခြေ။ အိပ်နေလို့နေမှာဟုတွေးပြီးရေချိုးခန်းထဲဝင် ​ရေနွေးစိမ်ဖို့ပြင်ရသည်။

တင်းတောင်!

ဟင် ဧည့်သည်!
မည်သူဆိုဆိုမည်သူမှမလာတတ်သော သူ့အိမ်ကို
လာတဲ့ဧည့်သည်က ဘယ်သူပါလိမ့်ဟု အိမ်ရှေ့အပြေး
သွားမိသည်။ ​ရေစိုနေသောအင်္ကျီကိုလည်း လဲမနေတော့ပဲ..။

"ဘယ်သူပါ..ပါ..နန်း.ဂျွန်.ဟျောင်းက ဘယ်ကဘယ်လို
ဒီအထိရောက်ခြလာရတာလဲ အဟင်း..အဟင်း"

အစကတော့ဒီကောင်လေးကို လက်လွတ်ဖို့တွေးသော်ငြား စိတ်ကကောကံတရားကပါ လက်လွတ်ဖို့မပေးခဲ့ခြေ။  ဘာလို့ဆိုညက နမ်းနေတဲ့ပုံဟာ online ပေါ်တွင်ပျံ့နှံ့
နေလေသည်။ ကိုယ်ကလည်း ဒီကောင်လေးကိုရှောင်နေဖို့မလုပ်ခြင်တော့ပေ။ နီးသထက်နီးအောင်သာနေတော့မည်ဟု ဆုံးဖြတ်မိလေသည်။တစ်ခါတစ်လေ ကိုယ်လည်းအချစ်အပေါ် ​ပျော်ပျော်ကြီး
ရူးသွတ်ချင်တယ် ​ကောင်ငယ်လေးရေ။

"လမ်းကြုံလို့ဝင်လာတာ"

အိမ်ထဲဝင်ပြီးဆိုဖာပေါ်မှာထိုင်ကာ ​ခေါက်ဆွဲပြုတ်ဘူးတွေကို ခုံပေါ်သို့တင်ပြီး သူ့ခေါင်းကိုခပ်ဖွဖွပုတ်ရင်းဆိုသည်။လမ်းကြုံလို့တဲ့သို့သော်ညား ​ခေါက်ဆွဲဘူးနှစ်ဘူးကြောင့်
လမ်းကြုံတာမဟုတ်မှန်းတော့ သူအတတ်သိလေသည်။

"အော်"

အံ့သြနေတဲ့ကောင်ငယ်လေးရဲ့မျက်လုံးလေးတွေဟာ ကလယ်ကလယ်ဖြင့်။  ရင်ဘတ်တွေဆီ အကြည့်ရောက်တော့ ဖွေးဖွေးရွရွရင်ဘတ်နဲ့ ဗိုက်သားတစ်ချို့ကရေစိုစိုအင်္ကျီ
အောက်တွင်အထင်းသားပေါ်နေလေသည်။

You've reached the end of published parts.

⏰ Last updated: May 05 ⏰

Add this story to your Library to get notified about new parts!

Role Model. U & Z (completed) Where stories live. Discover now