#Unicode
ကျနော့ကို ဒီကောင်တေ ရန်လာစလို့ အမြည်းနဲနဲကျွေးနေတာပါ Hkမင်ယွန်းဂီတို့ဘဝမှာ ရန်ဖစ်တာနက်အိပ်တာကတော့ လုပ်နေကြဘဲ သုံးယောက်တစ်ယောက်ဆိုပြီး ကျနော်ခံနေရမယ် မထင်နက်နော် ကျနော်ကျိလှိမ့်ထိုးနေတာ အရှေ့ကတျောက်ကိုထိုးနေတုန်း အနောက်ကအော်သံကြားလို့ ကျိလိုက်တော့ ကျနော့ညီရဲ့သူငယ်ချင်းနှစ်ယောက်ထဲက ပုပုလုံးလုံးကောင်လေး ဟိုကောင်ကထလာပြီး ကျနော့ကိုတုတ်နက်ရိုက်ဖို့လုပ်တော့ ပုလုံးကကျနော့အစားဝင်ခံလိုက်တာဖစ်မယ် ကျနော်လည်းကြောင်ကြည့်နေမိတယ် ဟိုသုံးကောင်ကတော့ရိုက်ပြီးပြေးပြီ
ပြီးမှသတိပြန်ဝင်လာပြီး"ပုလုံးအဆင်ပြေရဲ့လား"
"ဘလိုလုပ်အဆင်ပြေမှာလဲ ဒီမှာသွေးတေအများကြီး အီးဟီး ကျနော်သေတော့မယ်ထင်တယ် အဟင့်"
"ဟာ ဒီလောက်ဒဏ်ရာလေးနက်တော့ မသေပါဘူး လာကျောင်းဆေးခန်းသွားမယ်"
.
.
.
ကျောင်းခန်းရောက်တော့ ကျနော့ခေါင်းသုံးချက်တောင်ချုပ်လိုက်ရတယ်လေ ငယ်ငယ်ကထဲကအသားနာမှာ အရမ်းကြောက်တဲ့ကျနော်က ဘလိုသတ္တိတေနက် အဲ့လူကြီးအစားဝင်ခံပေးလိုက်တယ်မသိဘူး ဒါပေမယ့်ကျနော်ပျော်ပါတယ် သူဘာမှမဖစ်လို့ ပြီးတော့ကျနော့ကိုစိတ်ပူပေးတယ်လေ ဒါကလည်းသူ့ကြောင့်ဖစ်သွားလို့နေမှာပါကျောင်းဆေးခန်းကထွက်လာသော်
"သက်သာရဲ့လား"
"Omm ခေါင်းတော့နည်းနည်းကိုက်သေးတယ်"
"ဒီနေ့တော့နားလိုက်တော့လေ အဆောင်လိုက်ပို့ပေးမယ်"
"Omm"
"လာကျောပေါ်တက်"ဟုဆိုကာ ကျနော့ကိုကျောပေးကာဒူးထောက်လိုက်သည်
"ဟာ မတက်ပါဘူး ကျောင်းကြီးမှာ ပြီးတော့ကျနော်ခြေထောက်ကျိုးတာ မဟုတ်ဖူးဗျ ခေါင်းကွဲတာ"
"ကဲ ပုလုံး တက်မှာလား မတက်ဖူးလား ခနနေရင်ကျောင်းဆင်းတော့မှာနော် လူတေရှေ့မှာ ပွေ့ခေါ်သွားစေချင်တာလား"
ကျနော်လည်းပြောမရတဲ့အဆုံး သူကျောပေါ်တက်လိုက်သည်
"Aigoo မင်းက လူကျိတော့သာသေးမလိုလိုနက် လေးလိုက်တာ"
YOU ARE READING
Your Aren't My First But My Last💜(Completed)
FanfictionVkook Yoonmin Namjin Yoai (Unicode+Zawgyi)