B

9.4K 836 84
                                    

[Unicode]

Seokjin ကိုမေးပြီးထဲက မေးတဲ့သူကလည်းမေး
ဖြေရမဲ့သူကလည်းမဖြေတဲ့အပြင်
အကြည့်ချင်းလုံးဝမလွှဲဘဲ စူးစူးစိုက်စိုက်ကြည့်နေတဲ့သူနှစ်ယောက်ကြောင့် Hoseok ကြားထဲကနေပဲ အရိပ်အကဲကြည့်ရင်း ဝင်ဖြေရသည်

"ငါက Jung Ho seok ပါ Seokjin ရဲ့'

“သူဘယ်သူပဲဖြစ်ဖြစ် မင်းနဲ့ မဆိုင်ဘူးလို့ထင်တယ် jungkook”

ပြာပြာသလဲထဖြေတဲ့ ဘေးလူရဲ့စကားကို ဘုကလန့်ဖြေပြီး ဆက်ပြောလာတဲ့ Seokjin
ကြောင့်ကြောင်သွားမိပေမဲ့ ပြန်ပြီးတော့ မပြောတတ်ရအောင်ထိ Jungkook ဆိုတဲ့သူကငြိမ်ခံမနေတတ်တာကအခက်သား။

“ဒီအိမ်ကို ငါလည်း ပိုင်တယ် အဲ့တော့ သူကမင်းနဲ့ဘာဖြစ်ဖြစ် ဂရုမစိုက်ပေမယ့် ငါ့အိမ်ကို သူစိမ်းဝင်တာတော့ ငါ့မှာမေးပိုင်ခွင့်ရှိတယ်”

“ငါမအားသေးလို့ သွားလိုက်ဦးမယ် လာ seokie”

"Omm....jinnie"

နှစ်ယောက်လုံးထွက်သွားတော့မှ jungkook လည်းမဆီမဆိုင်အတွေးပေါင်းများစွာကို
တွေးနေမိသေးသည် jung ho seok နဲ့က
ဘယ်လိုပတ်သက်နေတာလဲ ပြီးတော့ ယောကျ်ားလေးတစ်ယောက်ကို အိမ်ခေါ်လာပြီး အခန်းထဲထိပေးနေရအောင်အထိကတော့ ဘယ်လိုမှမပြေ

“Kim seok jin ငါ့အိမ်မှာ
နောက်တစ်ပူးပူးတွဲပြီးထပ် မြင်ရရင် မင်းလူရော
မင်းပါ သတ်ပစ်မယ်”

❇ ❇

မနက်ထဲက Jungkook ရဲ့မျက်နှာချင်းမဆိုင်ချင်တာကြောင့် Ho Seok ကိုပါခေါ်ပြီး အမေ့အိမ်ကိုထွက်လာမိသည်
Ho Seok ကလည်းတချိန်လုံး အမေနဲ့တွတ်ထိုးနေပြီး ပြန်ခါနီးမှ သူ့ကိုအိမ်ပြန်ခေါ်သွားမလားမေးဖို့် လာကပ်သည် တကယ်သူငယ်ချင်းပီသတဲ့သူ

"မင်းက ငါ့ကိုပြန်မခေါ်တော့ဘူးလား"

“မခေါ်ဘူး မင်းနေပြန်ကောင်းရင် မင်းအဖေ ဆီပြန်တော့ ငါ့ အမေက မင်းအတွက်ထမင်းစရိတ်ကုန်တယ်”

"လာလိမ်နေတယ် ငါမင်းတို့အိမ် လိုက်နေရင် မင်းလူကြီးနဲ့လွတ်လွတ်လပ်လပ်မနေရမှာစိုးလို့လား"

“ဘာ ငါ့လူကြီးလဲ သူနဲ့ငါ့အခြေအနေကို မင်းတွေ့ပါတယ်ကွာ ပြန်ရင်ဘာဖြစ်မှန်းတောင်မှန်းရခက်နေတာ”

IMPOSSIBLE ( ✔ )Where stories live. Discover now