D

8.2K 766 100
                                    

[Unicode]

Jungkook အိမ်မှာ အစားလည်းပုံမှန်မစားဖြစ် နေမကောင်းတာတောင်ပေပေတေတေနေတာမို့ နုံးချိချိနဲ့တစ်ယောက်တည်း ငူငူငိုင်ငိုင်နေနေမိတာ Seokjin အိမ်ကထွက်သွားတဲ့နေ့ထဲကပင်
ပြန်အိပ်မလို့လုပ်တုန်း အဖေ့ဆီက ဝင်လာတဲ့ ဖုန်းကြောင့် ဆေးရုံကိုအပြေးလာခဲ့မိသည်

“အမေ... အမေရောဟင်
ခုနကဘာတွေပြောနေတာလဲ မဟုတ်တာတွေ ဘာလို့ပြောနေရတာလဲ”

ငိုနေတဲ့ အဖေ နဲ့  စကားဆက်ပြောနေလည်းမထူးတော့တဲ့
အခြေအနေမို့ အခန်းထဲကိုသာပြေးဝင်မိတယ်
အခန်းထဲရောက်တော့ ဖြုတ်ထားပြီးသားစက်ကိရိယာတွေနဲ့အတူ
ငြိမ်သက်နေတဲ့အမေ့ရဲ့အသက်ရှုသံလေးကြောင့်
ရုပ်ကြိုးပျက်ထိုင်ချမိသည်အထိပင်

“တနေ့ကတောင် သားဆီလာသေးတယ်လေ ဘာလို့ အသက်မရှူဘဲနေနေတာလဲ လက်တွေလည်း အေးစက်နေပြီ အမေ့ကို ဘာလို့ ပစ်ထားကြတာလဲ အမေ...သားကို မထားသွားပါနဲ့ သားကြောက်တယ် အမေ”

"သား Jungkook သတိထားဦးလေ ဆရာဝန် မြန်မြန်ခေါ်ပေးပါဦး"

အဆုံးမရှိလှလွန်းတဲ့ ပန်းခင်းကြီးကို
Jungkook မျက်စိတဆုံးကြည့်နေမိသည်
ခဏကြာတော့ ပန်းတွေနဲ့လှနေတဲ့ ပန်းခင်းကြီးအလယ်မှာ ရှိနေတဲ့ အမေနဲ့သူ

“အမေ..သား အထက်တန်းအောင်ပြီးရင် ဘာလုပ်ပေးမှာလဲ”

"Kookie လေးကို ယောကျ်ား ပေးစားမှာပေါ့"

“အမေကလည်းမဟုတ်တာတွေ သား က မိန်းမပဲယူမှာ”

"အောင်မယ် ဒီကလေး လေးက မိန်းမယူမယ့်အကြောင်းလာပြောနေတယ် ထုပလိုက်ရ"

“စတာပါ အမေရဲ့...ဒါနဲ့ အမေ သား လေ့လာခရီးလိုက်သွားချင်တယ် လိုက်ပို့ပေး”

"မင်းအဖေ ပြန်လာရင် လိုက်ပို့ခိုင်းလိုက်လေ"

“မရဘူး အမေ ပဲလိုက်ပို့ပေးပါနော် လုပ်ပါ”

"ပြီးရော ကောင်ဆိုးလေး လိုက်ပို့ပေးမယ် ဟုတ်ပြီလား"

“ဟုတ်ကဲ့...ကျွန်တော့် အမေကသာ အကောင်းဆုံး”

ပြုံးပျော်နေတဲ့ ပုံရိပ်တွေကိုပြန်ငေးကြည့်ရင
သူမျက်ရည်တွေ ကျနေမိသည်
အမေ့ကို ဆုံးရှုံးခဲ့ရတာက အရာအားလုံး သူ့အပြစ်ချည်းပင် အဲ့နေ့ကသာ စိတ်ဆိုးပြီး စောစောမထွက်ဖြစ်ခဲ့ရင် အမေသာ
နောက်ကလိုက်ပြီး လိုက်မချော့ခဲ့ရင် အဲ့နေ့က ကားတိုက်မှုဖြစ်မှာမဟုတ်ခဲ့သလို  အမေနဲ့လည
အခုလို သေကွဲကွဲခဲ့ရမယ့် အဖြစ်အပျက်မျိုးဖြစ်ရမှာမဟုတ်

IMPOSSIBLE ( ✔ )Where stories live. Discover now