[Unicode]
လူနာကိုကြည့်မိတော့ Seokjin မဟုတ်တာမို့
အများကြီးစိတ်အေးရပေမဲ့ တစ်ခုခုသာဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့တင်
အခုထိစိတ်ပူနေတုန်း"ဒါဆို Seokjin ကရော...ဘာလို့ သူ့ကိုပေးထားတာကဒီမှာ ရှိနေရတာလဲ"
အခုချိန်မှာ Seokjin ထက်အရေးကြီးတဲ့သူမရှိနိုင်တာမို့ အိမ်ပြန်ရောက်ပြီလား သိချင်တာမို့ ကားကို အရှိန်မြင့်မောင်းလို့ ပြောကြတဲ့ အသံတွေကိုလည်း ဂရုမစိုက်နိုင်ပါ။သူ့အတွက်က Seokjin ကသာလျှင်အရေးကြီးဆုံးပင်
"seokjin....seokjin"
"jungkook.."
"မင်း ဘာမှမဖြစ်ဘူးမလား ဘာလို့ ဖုန်းမကိုင်တာလဲ ငါစိတ်ပူနေတာ မင်းသိလားလို့"
ကားလေးထွက်သွားပြီးတော့ ပြန်ချင်စိတ်မရှိသေးတာနဲ့ ခဏထိုင်နေတဲ့ အချိန် မာဖလာ ကိုလာတောင်းပြီး ငိုနေတဲ့ ကျပ်သိပ်မပြည့်တဲ့ ကောင်လေးကို ချွတ်ပေးပြီး သေချာဝတ်ပေးပြီးမှ ကိုယ့်ဘာကိုယ် အေးတဲ့ဒဏ်ကို ကျိတ်မှိတ်ပြီး ပြန်လာလိုက်သည်။
အိမ်ပြန်ရောက်တော့လည်း Jungkook ထားသွားတာကို တွေးပြီး ငိုနေတာနဲ့ ကြာတော့ မျက်လုံးတွေစင်းပြီး အိပ်ပျော်သွားတဲ့ အချိန်အောက်က အသံကြားလို့ ဆင်းလာတော့ ချွေးတွေရော မျက်ရည်အပြည့်နဲ့ပါ သူ့ရှေ့မှာ ဒူးထောက်ပြီး ဗိုက်ကို မျက်နှာကြီး အပ်ပြီး ငိုနေတဲ့ Jungkook ကြောင့် ဘာပြောလို့ ပြောရမှန်းမသိ။
"ငါက ဘာမှမဖြစ်ပါဘူး မင်းလည်း ချွေးတွေနဲ့ ဘာဖြစ်လာတာလဲ"
"မင်းကို စိတ်ပူလို့် ဖုန်းကို ဘာလို့ မကိုင်ရတာလဲ"
"ငါ နေမကောင်းချင်တာနဲ့ အိပ်ပျော်သွားလို့ တောင်းပန်ပါတယ် ငါဆက်ဖို့လုပ်သေးတယ် မင်းလည်းမဆက်ခိုင်းတော့ နှောင့်ယှက်..အွတ်"
ရုတ်တရပ်နမ်းလိုက်တာကြောင့် ပြောစရာစကားတောင်မရှိတော့၊ငြိမ်နေတာကြောင့်
အားမရဘူးထင် ပြန်ခွာပြီး တောင်းပန်စကားတွေဆိုလာပြန်သည်၊"မင်း ငါ့နားကနေ မထွက်သွားပါနဲ့ ငါ တောင်းပန်ပါတယ်"
"ငါမထွက်သွားပါဘူး"
YOU ARE READING
IMPOSSIBLE ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_13.6.2020 End __25.11.2020