R

6.6K 567 38
                                    

[Unicode]
"jungkook...seokie ကဘာလုပ်နေလို့ နေမကောင်းသေးဘဲ kookie ကို ထိန်းနေရတာလဲ"

"ကောင်းနေပါပြီ....kookie က ချစ်စရာလေး....hoseok က Yoongi ကတရားခံဖမ်းရင်း အရေးပေါ်ဖြစ်လို့ ဆိုပြီးလိုက်သွားတယ်"

"ဘာတွေ ဖြစ်သွားလဲ မသိဘူး....မင်း kookie လေးကို ထိန်းလို့ရရင် ထိန်းပေးထားပါလား...ငါ လိုက်သွားလိုက်ဦးမယ်...ဂရုစိုက်နော်...အပြင်မှာ အကြာကြီးမနေနဲ့ အေးနေတာ နှစ်ယောက်လုံး ဖျားမယ်"

"Omm...kookie လေးက ငြိမ်နေတာပဲ လိမ္မာတယ် မင်းလည်း ဂရုစိုက်သွားနော်"

"အင်းပါ"

Jungkook နဲ့ kookie ကိုထားခဲ့ပြီး hoseok ကို အကြောင်းစုံမေးပြီး ဆေးရုံကို လာရင်းတွေးနေမိတာက
သားအဖနှစ်ယောက်ကို နီးစပ်နေရက်နဲ့
အဝေးမှာ ထားနေမိတာ မှားယွင်းနေခဲ့ပြီလား

❇❇

Seokjin ထွက်သွားတော့ kookie လေးကို ချော့သိပ်ရင်း အိပ်ပျော်သွားတော့ အခန်းထဲ ဝင်သိပ်ရင်း Seokjin ရဲ့ ဗီရိုတံခါးပွင့်နေတော့ ပိတ်ပေးဖို့လုပ်တော့ ပြုတ်ကျနေတဲ့ Diary စာအုပ်လေးကိုယူဖတ်မိသည်။စာမျက်နှာတိုင်းက သူ့ရဲ့အကြောင်းတွေနဲ့ ပြည့်နေပြီး ကလေးလေးရဲ့ ဓာတ်မှန်ပုံလေး။Seokjin မှာ အခုထိ ရှိနေသေးပေမဲ့ သူ့မှာတော့ Nami ကြောင့်မရှိတော့ပေ...
ထွက်လာတဲ့ ဒေါသတွေကို ပိုမကြီးထွားချင်တာမို့ နောက်စာမျက်နှာက စာတွေကို ဆက်မဖတ်ဖြစ်တော့
အိပ်ပျော်နေတဲ့ ကလေးလေးကိုသာ တချက်နမ်းပြီး
ရင်ခွင်ထဲထည့်သိပ်ရင်း သူပါရောပြီးအိပ်နေလိုက်သည်၊

❇❇

"Seokie...Yoongi အဆင်ပြေရဲ့လား"

"ပြေပါတယ်...ရှပ်ထိတာ...သွေးထွက်နည်းနည်းလွန်သွားတာတဲ့....ခဏလောက်နေရင် သတိရမယိပြောတာပဲ"

"မင်း..မနက်ထဲက ဘာမှမစားရသေးဘူးမလား...ညနေပဲ စောင်းတော့မယ် တခုခုစားထားလေ"

"မစားပါဘူး...Min က ဒီလောက်ဖြစ်နေတာတောင်ငါကစားစရာလား...မစားချင်ပါဘူး"

"မင်းက မျက်တွင်းဟောက်ပက်နဲ့ ညတွေမအိပ်ဘူးလား...ဘာလုပ်နေလဲ"

"အမ်...ဟို....kookieကို ထိန်းနေရလို့လေကွာ"

"ထားလိုက်ပါ...တခုခုစားလိုက်..Yoongi လည်းခဏနေ သတိရမယ်ပြောတာပဲ ငါစောင့်ပေးမယ် သွားစား"

IMPOSSIBLE ( ✔ )Where stories live. Discover now