part(1)

17.3K 896 48
                                    

"Xiao Zhan"

"Yubinဘာလည်း ငါမအားသေးဘူး"

"မင်းကလည်းငါပြောစရာရှိလို့"

"Yubinငါပန်းချီဆွဲနေတဲ့ အချိန်တခြားသူနဲ့စကားမ ပြောချင်ဘူးမင်းသိသားနဲ့"

"မင်းအဲ့ပန်းချီဘယ်တော့ဘယ်တော့မှဆွဲလို့ပြီးမှာလဲ မနက်ထဲကဆွဲနေတာ"

"ဒီပန်းချီကပြခန်းမှာ လေလံတင်မှာ သေချာအနုစိပ်ဆွဲနေတာ တော်ပြီYubinငါမအားသေးဘူး"

Xiao Zhanခပ်ဆတ်ဆတ်ပြောလိုက်တာကြောင့် Yubinလဲဘာမှ ထပ်မ ပြောတော့ပဲအခန်းထဲကထွက်လာလိုက်သည်

Xiao Zhanဆိုတာ နာမည်ကျော် လူငယ်ပန်းချီဆရာတစ်ယောက် သူဆွဲတဲ့ပန်းချီကားတိုင်းကိုလူတိုင်းက ကြိုက်သည် အချို့သူဌေးတွေဆို ဈေးကြီးပေးဝယ်ကျသည် ပြခန်းတွေမှာလဲ သူ့လက်ရာက အပြည့်ငယ်ငယ်ထဲက ပါရမီပါတော့ တကယ့်ကိုသြချ လောက်ရ အောင်ထူးချွန်တယ် ရုပ်လေးက ချောအသပ်ကလဲငယ်တော့ ကောင်မ လေးတွေလဲဝိုင်းဝိုင်းကိုလည်လို့ဒါမဲ့သူက တော့ပန်းချီis the life ပန်းချီကလွဲရင်ဘာမှ စိတ်မဝင်စားဘူး

Yubinက လည်းခေသူတော့မဟုတ် သူကလည်းနာမည်ကြီးဟိုတယ်တခုက စာဖိုမှူးတစိယောက် ငယ်ငယ်ထဲကဟင်းချက်ရတာဝါသနာပါတာ လက်ရာက ကောင်းတော့ ခုလိုအဆင့်မြင့်ဟိုတယ်က စားဖိုဆောင်မှာ စားဖိုမှူးတစ်ယောက်ပေါ့ သူချက်တာဆိုXiao Zhanကသိပ်ကြိုက်

အင်းး Xiao Zhanနဲ့Yubinက ငယ်ငယ်ထဲကသွားအတူလာအတူ သူတို့၂ယောက်လုံးမိဘမဲ့တွေ မိဘမဲ့ဂေဟာမှာ အတူကြီးပျင်းလာတာ အဲXiao Zhanမှာတော့ အ မေရှိတယ် သု့ကိုသူ့အ မေကိုယ်တိုက်လာစွန့်ပစ်သွားတာ သူကသူ့အ မေကိုသိပ်မုန်းတာ Yubinက အမှန်ကိုမိဘ တွေမရှိတော့ဘူး ဂေဟာမှာသူတို့နှစ်ယောက်ကအမြဲတပူးပူးတတွဲတွဲ တစ်ယောက်နဲ့တစ်ယောက်ညီကိုရင်းလို ကိုခင်တာ ခုလဲမိသားစုလိုပဲXiao ZhanမိသားစုဟာYubinဖြစ်သလို Yubinရဲ့မိသားစုဟာလည်းXiao Zhanပါပဲကြီးလာတော့ ကိုယ့်ဘဝကိုကျောင်းတော့လဲ အတူတူ သူကစာဖိုမှူးဘဝကို ရွှေးချယ်ပြီးXiao Zhanကပန်းချီဆရာဘဝကိုရွှေးချယ်ခဲ့တယ် နှစ်ယောက်ကပါရမီထူးသူတွေမို့ ခန လေးတွင်းအောင်မြင်လာသည် ခုဆိုနှစ်ယောက်ပိုင်ပိုက်ဆံနဲ့ကွန်ဒို တခန်း နဲ့ကားတစ်ယောက်တစ်စီးစီ ဝယ်ထားသည် နေတာက အတူတူပဲနေသည်

ခေတ်ဟောင်းဘုရင် ရဲ့ ခေတ်သစ်ကြင်ယာတော်Where stories live. Discover now