part(23)

2.8K 277 2
                                    

"အဘ ဒါကျတော့ဓားပါ"

အဘိုးအိုက Yiboရဲ့ဓားကို သေချာကြည့်ကာ

"အင်း ဒီဓားက အင်မတန်အဖိုးတန်တဲ့ဓားပဲ ဒီဓားက သခင်ကိုသိတယ် သခင်အ ပေါ်သစ္စာရှိတယ် "

"ဒီဓားက ခမည်းတော် ပေးထားတာ နန်းတွင်းပုဏ္ဏားတွေက သေချာအစီအမံနှင့် ဓားသွားအစွမ်းထပ်အောင်လုပ်ပေးထားတာ အဘ ပြောသလိုကျတော့်အ ပေါ်သစ္စာရှိပါတယ် ပြီးတော့ ကျတော်ဒီဓားကိုလဲတကယ်တန်ဖိုးထာတယ်"

"သူမကိုရှင်းဖို့ ဒီဓားနဲ့ဆိုလုံလောက်ပါတယ် အဘထပ်ပြီး ဒီဓားကို အ ဆောင်အင်းနဲ့ အစွမ်းထက်အောင်လုပ်ပေးမယ် ပြီးရင်ဒီဓားနဲ့ဟိုစုန်းမကိုသတ်ရမယ် "

"ဒါဆို အမြန်လုပ်ပေးပါတော့"

"နေဦး တခုရှိတယ် သူမက အင်မတန်အစွမ်းထက်တယ် တော်ရုံနဲ့သတ်ရမှာမဟုတ်ဘူး နှစ်ပေါင်းသုံးရာဆိုတဲ့အားကနည်းလား သူမကသူ့အသက်ကိုခန္ဓာမှာထား ထားမှာမဟုတ်ဘူး"

"ဗျာ ဘာကိုဆိုလိုတာလဲ"

"ဆိုလိုတာက သူ့အသက်ကို သက်သက်ပစ္စည်းတခုခုထဲမှ မှော်ပညာနဲ့ထည့်ထားတာမျိုးပေါ့ သူရဲ့ကျင့်ကြံတဲ့အချိန်က ဒီလောက်တောင်ဆိုလုပ်နိုင်တယ် သူ့ခန္ဓာကိုယ်ကိုဓားနဲ့ဘယ်လောက်ထိုးထိုး ဘလိုသေ အောင်သတ်သတ်သူမ သေနိုင်ဘူး ဘာလို့ဆိုသူရဲ့အသက်ဝိညာဉ်ကို တခြားမှာ ထားထားလို့ပဲ"

"ဒါဆိုဘလိုလုပ်ရမလဲ"

"အသက်ဝိညာဉ်ကို ဖွက်ထားတဲ့နေရာနဲ့သူခပ်ဝေးဝေးနေလို့မရဘူး အဲ့တော့သူနဲ့ အနီးဆုံးမှာပဲထားလိမ့်မယ် အဲ့ဒါကိုရ အောင်ရှာရမယ် ပြီးရင်ဟောဒီဓားနဲ့ ဖျက်ဆီးပစ်ရမယ် ဒါဆို စုန်းမလဲ ထာဝရပျောက်ကွယ်သွားလိမ့်မယ်"

"ဟုတ်ကဲ့ ဒါဆိုအစီရင်ကိုမြန်မြန်စပါတော့ အဘ"

"ဒီည အတွင်းပဲ အဘဒါကိုလုပ်ထားပါ့မယ်မနက်ဖြန်ကျရင် အဘကိုလာခေါ် အဘ နဲ့အတူစုန်းမကို နှိမ်နင်းတာပေါ့ တခုတော့ရှိတယ် သူမကိုလည်းလျှော့တွက်လို့မရတာကြောင့် အသက်အန္တာရာယ်တော့ရှိတယ်"

"ရပါတယ် Xiao zhanအတွက်ကျတော်ဘာမဆိုလုပ်ရဲပါတယ်"

*************
"Yiboမင်းဖြစ်ပါ့မလား"

ခေတ်ဟောင်းဘုရင် ရဲ့ ခေတ်သစ်ကြင်ယာတော်Where stories live. Discover now