part(13)

3.4K 324 8
                                    

"Xiao Zhanရေ!!"

"ဟေ!!!"

သံရှည်ဆွဲပြီးခေါ်နေတဲ့Yubinကြောင့် Xiao Zhanလဲအရွဲ့တိုက်ကာ သံရှည်ဆွဲပြီးထူးလိုက်သည်

"Xiao Zhanရေ ချစ်သူငယ်ချင်းလေးရေ"

"ဘာလဲကွာ ငါမအားဘူး ဒီနေ့Yiboသင်တန်းကို လာအပ်တဲ့သူတွေအတွက်ဝတ်စုံလုပ်ပေးနေတယ်"

"မင်းက တ နေ့နေ့ပန်းချီမဆွဲပဲ သင်တန်းကြီးကြပ်ရေးမှူးလုပ်နေလိုက်သိလား"

"ဝေ့ ငါက ဒီနေ့ ပန်းချီဆွဲဖို့feelမပါလို့ မဆွဲတာဒါကြောင့်Yiboအလုပ်ကူလုပ်နေတာ နေစမ်းပါဦး မင်းစောစောစီးစီးပြန်လာလို့ပါလား"

"အေး ငါ နေသိပ်မ ကောင်းလို့"

"ဟုတ်လား ဒါဆိုလဲအခန်းထဲသွားနားနေ လေ"

"ငါဆေးခန်းသွားမို့ မင်းလိုက်ခဲ့ပါလား"

"မင်းရဲ့Zhang chenကိုခေါ်သွားပါလား "

"သူနဲ့ငါ ရန်ဖြစ်ထားတယ်"

"ဟင် ဟုတ်လား အဲ့တော့မ ခေါ်ဘူးပေါ့"

"အင်း အာ့ကြောင့်မင်းလိုက်ခဲ့နော် နော်လို့"

"ဟာကွာမအားပါဘူးဆို"

"Xiao zhanငါမင်းသူငယ်ချင်းအရင်းခေါက်ခေါက်ကြီးပါ ခုမင်းကYiboအလုပ်ပဲလုပ်ပေးနေတာ မင်းငါ့ကိုမချစ်တော့ဘူးလား ပြော ဒီလောက်သူငယ်ချင်းလုပ်သူ နေမ ကောင်းလို့ အကူအညီတောင်းနေတာတောင်"

"မင်းကမင်းလင်နဲ့မတည့်လို့ငါ့ခေါ်တာကိုများ ကြီးကြီးကျယ်ကျယ်လုပ်လို့"

"ဟာမင်း!!!!"

"ကဲပါ မျက်နှာကြီးဆူပုတ်မ နေနဲ့ လာ လာလိုက်ခဲ့မယ်"

" ဒီလိုမှ ပေါ့"

***********
"Yibo Yibo Zhang chen"

Xiao Zhanမဲမှောင်နေတဲ့ အခန်းကြောင့်Yiboနဲ့Zhang chenကိုတ ကြော်ကြော်ခေါ်နေမိသည် ဒီချိန်သင်တန်းလဲမပြီးသေးပါဘူး သင်တန်းသားလဲတစ်ယောက်မှမရှိပဲနဲ့ အခန်းကလဲ မှောင်မဲနေတာ Xiao Zhanမှာစိုးတောင်စိုးရိမ်လာသည်

"Yibo Yi…အမ လေး"

Yiboအခန်းထဲဝင်သွားလိုက်တော့ ဖျောက်ကနဲဆိုပြီးမီးအလင်းနဲ့အတူ သူ့ရှေ့မှာ ဒူးထောက်နေတဲ့Yibo Xiao zhanလဲရုတ်တရက်မို့ လန့်သွားမိသည်

ခေတ်ဟောင်းဘုရင် ရဲ့ ခေတ်သစ်ကြင်ယာတော်Where stories live. Discover now