part(9)

3.9K 424 13
                                    

"မင်းကြီး ဒီမှာ မင်းကြီးအတွက်ရင်းလီ အားရှိစေမယ့် ဟင်းချို ချက်ထားပေးတယ် ဒီထဲကပါတဲ့အရွက်က လေရင်းလီတို့တိုင်းပြည်မှာပဲရှိတာ အဲ့ဒါကိုချက်စားရင် အင်မတန်အာဟာရရှိတာ ရင်းလီချက်ထားတာလေး သုံးဆောင်ကြည့်ပါဦး"

"ရင်းလီ ကိုယ်တော်ခုညီလာခံသွားရမှာ နောက်မှပဲ သောက်တော့မယ်"

"အို မင်းကြီးကလဲ ဒါလေးသောက်တာမကြာပါဘူး ပြီးတော့ညီလာခံဆိုတာရှင်ဘုရင်လာမှ စလို့ရတာ ဒါလေးသောက်ပြီးမှသွားပါနော် ရင်းလီမှာကြိုးစားပမ်းစား မင်းကြီးစားဖို့ချက်ထားတာ"

Yiboလည်း ပြောမရတာကြောင့်နှစ်ဇွန်းလောက်အမြန်သောက်ပေးလိုက်သည်

"ကဲ ကျေနပ်ပြီလား ကိုယ်တော်သွားတော့မယ်"

Yiboလဲညီလာခံနောက်ကျနေပြီမို့ အမြန်ပင်ထွက်လာလိုက်သည်

"ဟွန့် မင်းကြီးကလည်း ဒီက စေတနာနဲ့ သေချာချက်ထားတာကို ကုန်အောင်စားမသွားဘူး  ငါကသူ့မိဖုရားပါ ငါ့ထက်ဘာတွေက ဒီလောက်အ ရေးကြီးနေတာလဲ "

ဟန်ရင်းလီမှာတော့ မ ကျေမနပ်နဲ့ကျန်ခဲ့သည်

မှန်ပါတယ် ဟန်ရင်းလီက တိမ်လွှာနန်းမြိုင်ရဲ့မိဖုရား Yiboလက်ဆက်ထားတဲ့သူ့ရဲ့မိဖုရားပါ ဒါမဲ့Yiboက တာဝန်အရသာဆက်ဆံသည် အပိုစကားလည်းမ ပြော ဟန်ရင်းလီကိုညီမတဦးထက်မပို ဒါကိုဟန်ရင်းလီကလုံးဝ မ ကျေနပ်ပေ သူမလိုအလှဘုရင်မှာကိုပိုင်ဆိုင်ထားတာကိုလုံးဝစိတ်ဝင်စားမှုမရှိတဲ့Yiboကိုပဲသူမမှာအံ့သြ နေသည် တ နေ့တ နေ့သူ့တိုင်းရေးပြည်ရာနဲ့ပဲအလုပ်ရှုပ်နေသည် ဇနီးဖြစ်သူကိုဂရုစိုက်ရ ကောင်းမှန်းမသိ အိပ်ဆောင်က တော့ဝင်ပါရဲ့ ဒါမဲ့တလမှာ ငါးကြိမ်သာဝင်သည် ဒီလိုအိပ်ဆောင်ဝင်တော့ရော ဘာများထူးခြားသွားလဲ အမြဲ ဘာစကားမှဟုတ်တပတ်တိမ ပြောပဲ ဟိုဘက်ခြမ်းမှာပဲ အိပ်သည် နန်းသွေးယူဖို့မ ပြောနဲ့သူမကိုလက်ဖျားနဲ့တောင်မထိဘူး တခါတ လေပွဲတွေဘာတွေတက်ရမှသာ သူမလက်ကိုကိုင်ကာပွဲတက်တာမျိုးပဲရှိသည် ကျန်တဲ့ချိန်ဆို ဝေးလာဝေးပဲ ခုလည်းလက်ထပ်ထားတာ ငါးလရှိပြီ ခုထိသူတို့မှာအတူနေရတယ်မရှိသေး ဟန်ရင်းလီရဲ့သည်းခံနိုင်စွမ်းလဲလုံးဝကိုမရှိတော့ဘူး

ခေတ်ဟောင်းဘုရင် ရဲ့ ခေတ်သစ်ကြင်ယာတော်Where stories live. Discover now