part(2)

7.6K 718 17
                                    

Xiao Zhanထိုကျောက်ရုပ်ဘုရင်ကိုအနီးကပ် ကြည့်ရန် ရှေ့သို့အသွား ခလုတ်တိုက်ကာ ကျောက်ရုပ်၏နှုတ်ခမ်းကိုနမ်းမိလိုက်သည်  ချက်ချင်းဆိုသလိုပင် ကောင်းကင်တခုလုံးနေကြတ်သလို မှောင်မဲ သွားသည် မြေပြင်တွေ လှုပ်ခတ်လာသည် အ ဆောက်အအုံတွေ ပြိုကျလာသည် Xiao Zhanတို့အားလုံး မှောင်မှောင်မဲမဲထဲ ဘယ်ပြေးရမယ်မှန်းမသိ  ခန လောက်ကြာတော့ အလင်းပြန်ရကာ အားလုံးငြိမ်သက်ကုန်သည် သူတို့လဲ ဖြစ်ပျက်တဲ့အ ခြေအ နေကိုဘာဆိုဘာတခုမသိ ခုဆို အရမ်းလှပတဲ့တိမ်လွှာနန်းမြိုင်တခုလုံးက မီးလောင်ပြာကျထားသလို ယိုယွင်းပျက်စီးနေတာမို့ သူတို့အားလုံးအံ့အားသင့်နေသည်  စဉ်းစားနေရင်း ငိုရှိုက်သံကြားလိုက်ရသည်

"အားး ဟိုမှာ"

ပါကျဲ လက်ညိုးထိုးကာ တအံ့တသြ အော်နေတဲ့ဆီသို့ကြည့်လိုက်တော့

"ဟင်!"

"ဒါက"

"တယ်ထူးဆန်းပါလား"

အဘနဲ့Yubin Xiao Zhanတို့ဆီမှ အံ့သြသံအမျိုးမျိုးထွက်လာသည်

ခုနက ကျောက်ရုပ်ဖြစ်နေတဲ့ ရှင်ဘုရင်ဆိုတဲ့သူကအသက်ဝင်နေပြီး ဒူးထောက်ကာ ငိုကြွေးနေသည် သူနဲ့မလှမ်းမကမိးမှာ ကျောက်ရုပ်ဖြစ်နေတဲ့ Zhang Chenဆိုတဲ့သူကလည်း ထိုရှင်ဘုရင်ပခုံးကိုကိုင်ကာ ငိုနေသည်

"အရှင်မင်းကြီး!! ဒါ ဒါက ဘလို အဖြစ်အပျက်မျိုးလဲ မင်းကြီးကပြန်အသက်ဝင်လာတာလား"

အဘ၏စကားကြားမှ  ထိုရှင်ဘုရင်က ခေါင်းမော့ကြည့်လာသည်

ဦးမော့လာတဲ့ မျက်နှာကိုXiao Zhanသေချာကြည့်မိသည် နက်မှောင် ရှည်လျားတဲ့ဆံနွယ် တွေနဲ့ ခေါင်းမှာ ရွှေရောင် ခေါင်းဆောင်းကိုဝတ်ဆင်ထားသည် မျက်ခုံးမွေးနှစ်ခုက တန်းလျက်  မျက်ဝန်းတွေက လည်း လှပလွန်းသည် ယခုတော့ ဝမ်းနည်းရိပ်သန်းနေသည်ဆိုသော်လည်း နှာတံကလဲ ဖြောင့်စင်းကာ နှုတ်ခမ်းနှစ်လွှာက ခပ်ပါးပါး သေချာခြုံကြည့်ရင် အင်မတန်ချောတဲ့ရုပ်ရည် ကိုယ်မှာ အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည် ခါးမှာ ငွေ ရောင်ကြိုးကို ပတ်ထားပြီး ကျောက်စိမိးပြားကိုဆွဲထားသည်

ခေတ်ဟောင်းဘုရင် ရဲ့ ခေတ်သစ်ကြင်ယာတော်Where stories live. Discover now