အပိုင္း ၂၀/အပိုင်း ၂၀

12.1K 1.2K 13
                                    

Unicode

"ချီးဖြစ်လို့ ကြောက်ရမှာလား လာကိုင် လာ"

မပြောဘူးလား ဒီကောင်လေးကို ဘယ်လိုချုပ်ကိုင်ရမလဲဆိုတာ ကိုယ့်လောက်ဘယ်သူမှ ကောင်းကောင်းနားမလည်ပါဘူး။အခုလည်းကြည့်
အကျီကြီး အတင်းလှန်ပြီ ကိုင်ခိုင်းနေတယ်။
ဒါမျိုးကို လက်လွတ်ခံရင် အာကာတို့ ရူးနေလို့ပဲ ဖြစ်မယ်။

ကျစ်လစ်တဲ့ ဗိုက်သားနဲ့ကြွက်သားအသွယ်သွယ်တို့ကြောင့် ကိုင်ရတာနဲ့တင် အားမရ။

"တော်ပြီလေ ဘယ်ချိန်ထိ ကိုင်နေအုံးမှာလဲ"

တွန့်တိုစွာ ဆွဲချခြင်းခံရတဲ့အကျီလေးကို နှမြောတသနဲ့
ကြည့်မိသည်။ယောကျာ်းတစ်ယောက်ရဲ့ အသွင်အပြင်တွေနဲ့ ပြည့်စုံလှတဲ့ဒီကောင်လေးက
သူ့အပိုင် ဘယ်တော့များမှ ဖြစ်လာမှာပါလိမ့်။

"ကဲ ဒီရေ အလှည့်ပဲ ခေါင်းလားပန်းလား"

"ပန်းပဲကွာ"

"ကိုယ့်ဆရာ ဒီတစ်ခါတော့ ပန်းမဖြစ်နိုင်ဘူးနော်"

ဟုတ်ပါတယ် ပန်းမဟုတ်ပါဘူး။ကျေနပ်အားရစွာနဲ့
ပြုံးရယ်လိုက်တဲ့ ကောင်ငယ်လေးရဲ့ အပိုင်သွားတက်လေးက ဖွေးခနဲလှစ်ခနဲ။

"မပြောဘူးလား ပန်းမဟုတ်ပါဘူးဆို ချွတ်အကျီ ဒီတစ်ခါ ကျွန်တော့်အလှည့်"

"ကိုယ်လုပ်ပြီးသားကြီး ထပ်မလုပ်နဲ့လေ"

"မရဘူး ခင်များမညစ်နဲ့နော် ချွတ်အခု"

အတင်းချွတ်ခိုင်းနေတဲ့ ကလေးဆိုးကြောင့် ချွတ်ရပေအုံးမယ်။ကိုယ်ကပဲ သူ့ပြီးပြည့်စုံတဲ့
ခန္ဓာကိုယ်ကို ကြည့်ချင်တာ။ကိုယ့်ကိုယ်လုံး ဖြူဖြူသေးသေးလေးကိုတော့ မပြချင်ဘူး။သူနဲ့
ယှဉ်ရင် သေးကွေးနေတဲ့ကိုယ့်ကိုကိုယ် အားမရ‌ေပ။

"ခင်များ အတော်ဖြူတာပဲ"

သူ့အကျီအောက်က ဗိုက်သားဖွေးဖွေးနဲ့ပြေပြေလေး
က မိန်းမသားတစ်ယောက်ရဲ့ ကိုယ်နေဟန်အတိုင်းပင်။ထိတွေ့မိလိုက်ချိန်မှာ အိစက်နေတဲ့ ဗိုက်သားပြင်လေးက အသဲယားစဖွယ်။ကိုင်ရုံပဲဆိုတဲ့အတွေးက လက်တွေ့နဲ့
ကွာခြားလှသည်။ဗိုက်သားအိအိလေးကို သွေးကြောစိမ်းတွေ ထောင်ထနေသည့် လက်ရှည်ရှည်သွယ်သွယ်တွေနဲ့ ဖိညစ်မိသည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Tahanan ng mga kuwento. Tumuklas ngayon