အပိုင္း ၂၇/အပိုင်း ၂၇

10.9K 1.1K 26
                                    

Unicode

"အဲ့တာ ခင်များကြောင့်လေ ခင်များကြောင့် စိတ်တွေ
ပင်ပန်းဆင်းရဲရတာ ဈေးလေးနောက်ကျတာလောက်
ကတော့ အပန်းမကြီးပါဘူး"

"ဟုတ်ပါပြီ ကိုယ်မှားတာ အခုလောလောဆယ် ဈေးကို
အရင်သွားမယ် ၀ယ်စရာလေးတွေရှိတယ်"

ဆူပုတ်နေတဲ့ ဒီရေကို ချော့မော့ပြီး ဈေးကိုမောင်းခိုင်းရသည်။ဈေးရောက်တော့ ထင်သည့်
အတိုင်း အတော်ကို လူရှင်းနေပြီ။ခပ်သွက်သွက်
ဈေးရုံထဲကို၀င်တော့ တစ်စုံတစ်ယောက်က လက်ကို
လာဆွဲသောကြောင့် လှည့်ကြည့်မိတော့ ကောင်မလေးတစ်ယောက်။

သနပ်ခါးရည်ကျဲကျဲက ဖြူဖွေးသော အသားအရေမှာ
ခပ်ပါးပါးသာကျန်တော့သည်။ခပ်နွမ်းနွမ်းလက်ရှည်
တစ်ထည်ကို ၀တ်ဆင်ထားပြီး လှပသော မျက်နှာလေးက ညှိုးနွမ်းနေဟန်။

"အကို ဒီပန်းလေး၀ယ်သွားပေးပါလား ညီမ အိမ်ပြန်ပြီးအမေ့ကို ဆေးလေး ၀ယ်သွားပေးချင်လို့ပါ။ သုံးထောင့်ငါးရာပဲပေးပါနော်အကို တန်ပါတယ်အကိုရဲ့ ညီမဈေးကို အရင်းတိုင်းပဲထားပြီး
ပေးတာပါ "

ပန်းက ဒီရေတို့ခြံထဲမှာကော ကိုယ့်ခြံထဲမှာပါ ရှိနေပေမဲ့ ဘ၀ကိုရိုးသားစွာ ရှာဖွေလုပ်ကိုင်စားနေတဲ့
သူရဲ့ အခက်အခဲကို ကူညီချင်တာကြောင့် ၀ယ်မယ်လို့
စိတ်ကူးလိုက်ပြီး ပိုက်ဆံအိတ်ထုတ်ကာ ရှင်းခါနီး
ငါးထောင်တန်တစ်ရွက်ကမ်းပေးလိုက်သော ဒီရေ။
ကောင်မလေးက ၀မ်းသာသွားဟန်နဲ့ ပန်းကို ကမ်းပေးလိုက်ပေမဲ့....

"တခြားသူကို ရောင်းလိုက် ငါတို့မလိုဘူး ပြီးတော့
သနားစရာ ဒီဇာတ်လမ်းတွေက ရိုးနေပြီ"

"ဒီရေ"

လှမ်းဟန့်လိုက်ပေမဲ့ ကောင်မလေးကရှက်သွားပြီး ၀မ်းနည်းသွားသည်နဲ့တူတယ်။ခေါင်းလေးငုံ့ကာ
မျက်ရည်စတွေကို သိမ်းပြီး အားတင်းပြီ့း ပြုံးပြရှာသည်။

"မဟုတ်ပါဘူးအကို ညီမက ပန်းရောင်းတာပါ အခုလည်း နေနည်းနည်းမြင့်နေပြီမလို့ အိမ်ပြန်ချင်လို့
အတင်းထိုး ရောင်းမိတာပါ အကိုတို့မလိုရင် တခြား
သူကိုပဲ ညီမသွားရောင်းလိုက်ပါမယ် ကျေးဇူးပါ"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now