အပိုင္း ၃၅/အပိုင်း ၃၅

10.4K 944 53
                                    

Unicode

လေးနှစ် လေးနှစ်ရှိပြီမောင်။စောင့်နေပါလို့ အသေအချာပြောထားရဲ့ မင်းဘယ်တော့မှ ငါ့စကားကို
နားမထောင်ဘူး။မချစ်တာလည်းမဟုတ်ပဲနဲ့မောင်ရာ။အရိုင်းတုန်းလေးက မောင်လို့တော့ အခေါ်ခံချင်ခဲ့ရှာတယ်။အဟင်း ဒီလိုတွေ ဖြစ်မယ်ဆိုတာ ကြိုသိရင် ငါမင်းနဲ့ အတူ ထွက်ပြေးဖို့ကို ရွေးချယ်ခဲ့တာပေါ့ မောင်။အခုတော့
မင်းလည်းငါ့ကို အမုန်းကြီးမုန်းပြီး စိတ်အနာကြီး
နာလောက်ပြီထင်တယ်နော်။

ငြိမ်းအေးပါစေ မောင်။မောင့်နောက်ကို မလိုက်ခဲ့နိုင်သေးတဲ့ အတွက်လည်း တောင်းပန်ပါတယ်။စကားတွေ အများကြီးစုထား
ကိုယ်ရောက်လာတဲ့ အခါကျရင် ကိုယ့်ကို ထုရိုက် ကန်ကျောက်လုပ်ပြီးပြောကွာ။ပြီး‌ေတာ့ မင်းက ဘောလုံးကန်တာ သိပ်ကိုဝါသနာပါတာ ကိုယ်လာရင် အဲ့တာကိုပါအောင်ယူလာလို့ရရင် သိပ်ကောင်းမှာပဲ။

ပြီးတော့ကိုယ်ရေးတဲ့စာတွေ မင်းကို ဖတ်စေချင်လိုက်တာ။ကိုယ်က
အကျင့်မကောင်းဘူးသိလား ဇာတ်သိမ်းမှာ ဝေးရတဲ့ဇာတ်လမ်းတွေပဲရေးတယ်။ဘာလို့လဲဆိုတော့
ကိုယ်တို့မှ မပေါင်းရတာ မောင်။အရူးလေးမင်းကတော့ အရူးလိုလုပ်ရက်ကို
‌လုပ်တယ် မင်းကိုစိတ်ဆိုးချင်လိုက်တာ။

အဲ့နေ့က ကိုယ့်သာ
မင်းကို ဖုန်းမဆက်ခဲ့ရင် မင်းသိမှာ မဟုတ်သလို
အခုလိုလည်း ဖြစ်မှာမဟုတ်ဘူး။ဒါတွေ အားလုံးက
ကိုယ့်အပြစ်တွေ။

ကိုယ်ရန်ကုန်ကို ပြန်ရောက်တဲ့နေ့တုန်းက မင်းကို
ဖုန်းတွေ အသည်းအသန်ခေါ်တယ်။ဒါပေမဲ့ မင်းမကိုင်ဘူး နောက်တစ်နေ့ နေလည်ခင်းကြီး
မင်းဆီက ဖုန်း၀င်လာလို့ ကိုယ်ပျော်နေတုန်းပဲရှိသေးတယ်။မင်းအစ်မက
မင်း ဆိုင်ကယ်မတော်တဆမှုကြောင့် ဒီနေ့ပဲ
ဆုံးပြီတဲ့။ငါမယုံနိုင်ဘူးမောင် ငါ့ရဲ့မောင်က ဒီလောက်
လေးနဲ့ ငါ့ကို ထားခဲ့မှာမှ မဟုတ်တာ။

နောက်ထပ် ပိုပြီး ရင်နင့်စရာကောင်းတာက မောင်က
ငါ့ကို နောက်ဆုံးအချိန်မှာတောင် မုန်းတယ်လို့ပြောခဲ့တယ်တဲ့။အင်း ငါယုံပါတယ်မောင်
အတူရှိစဉ် အချိန်ကာလထဲက ချစ်တယ်ဆိုတဲ့ စကားကို
ငါပဲ မကြာခဏပြောခဲ့ရတာလေ။ဒါ‌ပေမဲ့ မင်းမချစ်ဘူးရယ်လို့လည်းမယိုစွပ်ရဲဘူး။ မောင်က မချစ်ပဲနဲ့ ငါနဲ့အဝေးကြီးကို ထွက်သွားဖို့ ပြောလာပါ့မလား။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now