Love born with you 19

677 76 1
                                    

Love born with you

Part(19)

(Zawgyi)

"Kit..ဒီနေ့ညအားလား.."

ခပ်လွင်လွင်အသံကြောင့်သူပြုံးလိုက်သည်..။

"အင်း.."

"ဘားကိုလာခဲ့မလား..ဒီနေ့ကျတော်သီချင်းအသစ်ဆိုမလို့.."

"အသစ်.."

"အင်း..ကျတော်ဆိုတဲ့သီချင်းအသစ်ကို ခဗျားကိုအရင်နားထောင်စေချင်လို့.."

"အင်း..လာခဲ့မယ်လေ.."

"ဟုတ်ကဲ့..ဒီနေ့P'offလည်းရှိမယ်Kit.."

"အင်း.."

"ဒါပဲနော်..ကျတော်သီချင်းကျင့်လိုက်အုန်းမယ်.."

"အင်း.."

သူဖုန်းပြောပြီးတာနှင့်ချလိုက်သည်..ပြီးတော့ပြုံးလိုက်မိသည်..ဟိုတစ်နေ့ကတွေ့ပြီးကတည်းက သူတို့ထပ်မတွေ့ဖြစ်ကြ..Singtoကလည်း ကျောင်းခဏပိတ်ထားပေမဲ့လည်း သူရဲ့ဝါသနာပါရာတွေကိုလုပ်ရင်းအလုပ်ရှုတ်နေသည်..။

သူကလည်း များပြားလွန်းသည့်အလုပ်တွေကြားခေါင်းနစ်လို့..သေချာတာကတော့ သူတို့ဘယ်လောက်အလုပ်များများ..အလုပ်ရှုတ်ရှုတ်..နေ့တိုင်းနီးပါးတော့ဖုန်းပြောဖြစ်ကြသေးသည်..ငါးမိနစ်ရရ..ဆယ်မိနစ်ရရ..ရသလောက်အချိန်လေးကို မျှဝေရင်းအချိန်တွေကိုကုန်ဆုံးကြသည်..။

Krist..အလုပ်တွေပြီးတာနှင့် နာရီကိုကြည့်လိုက်သည်..နာရီလက်တံက ည၇နာရီတိတိကိုညွှန်လျှက်..သူကားသော့ယူလိုက်ရင်းအိမ်ကိုပြန်လိုက်သည်..။

အိမ်ရောက်တော့ ရေမိုးချိုးပြီးတာနှင့် ဘားကိုသာထွက်ခဲ့လိုက်သည်..ထွက်လာသည့်အချိန်ကစောနေမှန်းသိပေမဲ့..သူငယ်ချင်းဖြစ်သူOffနှင့်လည်း ပြောစရာတွေရှိတာမို့..ခပ်သွက်သွက်ပဲလာခဲ့လိုက်တယ်...။

"ဟော..Krist.."

အခန်းရဲ့ ခုံမှာထိုင်လိုက်တော့ Offကသူ့ဆီရောက်လာသည်..။

"ဘယ်လိုလဲ..ပျောက်လှချည်လားKrist.."

"အင်း..အလုပ်တွေရှုတ်နေလို့.."

"အလုပ်တွေရှုတ်နေတာလား..အရှုတ်တွေလုပ်နေတာလား..Krist.."

ရယ်ကျဲကျဲOffကတော့အရင်အတိုင်းမပြောင်းလဲ..ဘာပဲဖြစ်ဖြစ်..သူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတဲ့..အားတစ်ခုတော့ဖြစ်သွားတာအမှန်..တစ်ခါတစ်လေ..သူငယ်ချင်းဆိုတာ..ဘ၀ရဲ့အကောင်းဆုံးမိတ်ဆွေတဲ့..Offကတော့ သူအတွက်အကောင်းဆုံးမိတ်ဆွေဆိုတာထက်ကိုပိုပါတယ်...။

Love born with you (Z/U)Where stories live. Discover now