Love born with you 39

648 73 4
                                    

Love born with you

Part(39)

(Zawgyi)

"Kit..နိုးပြီလား...."

"အင်း.."

Kristမျက်လုံးမဖွင့်သေးဘဲ..အဖြေပေးလိုက်တော့ Singtoရဲ့ ခပ်သဲ့သဲ့ရယ်သံကိုကြားလိုက်ရသည်..။

"အိပ်ပုတ်..မျက်လုံးလည်းမဖွင့်သေးပဲနဲ့များ.."

"Sing..စောစောစီးစီးငါ့ကိုလာမရစ်နဲ့ကွာ.."

မျက်လုံးမဖွင့်သေးပဲနဲ့ နှုတ်ခမ်းစူကာပြောလိုက်တဲ့ Kitကြောင့် သူပိုပြီးအသဲယားလာရသည်..။

"ခဗျားအိပ်ချင်သေးရင် ဆက်အိပ်နော်..အိပ်ပုတ်.."

"အင်း..ငါဒီနေ့အလုပ်မဆင်းရတော့ ကောင်းကောင်းအိပ်လို့ရတယ်.."

"အင်းပါ.."

Singtoထရန်ပြင်လိုက်ပေမဲ့ သူ့ကို ဆွဲဖက်ကာ သူ့ရဲ့ ရင်ခွင်ထဲတိုးဝင်လိုက်သည့် ချစ်ရသူကြောင့် သူလှုပ်ရှားတာကို ရပ်လိုက်ရသည်..။

"ငါနည်းနည်းထပ်အိပ်မလို့..ငြိမ်ငြိမ်နေ..."

"အင်းပါ..အိပ်နော်..ကျတော်မလှုပ်တော့ဘူး..."

Singto..ပြန်ဖက်လိုက်ရင်း ခဏလောက်ထပ်မှေးလိုက်သည်..ဒါပေမဲ့ ကြာကြထပ်မှေးလို့မရ..သူကိုယ်တိုင်လည်း ရိုက်ကွင်းသွားရအုန်းမည်ဖြစ်တာကြောင့် သူ့ရဲ့ ရင်ခွင်ထဲက အဂျစ်ပြန်အိပ်ပျော်သွားတဲ့အထိ ခဏတာငြိမ်နေလိုက်သည်...။

"အင်း.."

သူထပ်ပြီး တစ်ရေးနိုးလာတော့ ခုံက နာရီက ၇နာရီခွဲကိုညွှန်ပြနေတာမို့..အဂျစ်ကို ဖြေးဖြေးချင်းခွာလိုက်ရင်း ထလိုက်သည်..ပြီးတော့မှ ရိုက်ကွင်းသွားရန်ပြင်ဆင်လိုက်သည်..။

အခန်းထဲက ထွက်ခါနီး အဂျစ်ရဲ့ နှဖူးကို ခပ်ဖွဖွထိကပ်လိုက်ရင်း နှုတ်ဆက်လိုက်သည်..ပြီးတော့ စာတစ်စောင်ကို ရေးထားခဲ့ရသည်...။

ရိုက်ကွင်းပြီးတာနှင့် ပြန်လာခဲ့မည်ဖြစ်ကြောင်းပေါ့...။

Singto..ခပ်သွက်သွက်ပဲ ရိုက်ကွင်းကိုရောက်လာခဲ့သည်..အမှန်ဆို သူရိုက်ကွင်းကို မလာချင်..အဂျစ်ကလည်း အလုပ်နားတာမို့ သူအဂျစ်ရဲ့အနားမှာ နေချင်သည်..။

Love born with you (Z/U)Where stories live. Discover now