Love born with you 24

558 84 4
                                    

Love born with you

Part(24)

(Zawgyi)

"Sing.."

"ဟော..ခဗျား..နိုးလာပြီလား.."

"အင်း.."

Krist..မျက်လုံးကိုပွတ်သပ်လိုက်သည်..ပင်ပန်းနေသည့်လူကအိပ်ယာတောင်ထနေပြီ..သူကအခုမှနိုးလာတယ်..။

"ဟော..အရမ်းမပွတ်နဲ့လေ..ခဗျားရဲ့.."

Singtoကသက်ပြင်းချရင်း သူ့ဆီလျှောက်လာတယ်..။

"ထ..မျက်နှာသွားသစ်..မျက်လုံးကိုအရမ်းမပွတ်နဲ့တော့..ကြည့်အုန်း..ရဲနေပြီ.."

သူ့အာရုံကအခုထိကောင်းကောင်းအလုပ်မလုပ်သေးပေမဲ့..Singtoကသူ့ကိုအခု အငယ်လိုပြောနေတာမဟုတ်လား..။

"Sing..ငါကအငယ်လား.."

"ခဗျားကလေ..လူတစ်ယောက်ကိုဂရုစိုက်တာ..အငယ်ဖြစ်ရမှာလား..အကြီးဖြစ်ရမှာလား.."

ဟော..အံ့ပါရဲ့..သူကပဲ..စိတ်ဆိုးချင်ရသေးတယ်..။

"အင်း..အင်း..မင်းလည်း..Katလိုပဲ..ငါ့ကိုဆိုပြောဖို့ပဲ..တကယ်ပဲ..သူငယ်ချင်းတွေ အကျင့်တွေအတူတူပဲ.."

ပြောပြောဆိုဆို မျက်နှာသွားသစ်သည့် အဂျစ်ရဲ့အရိပ်ပျောက်သွားမှ သူရယ်လိုက်သည်..။

တစ်ကယ်..ဘုရားစူး..အဂျစ်ရဲ့အလုပ်ကိုလိုက်ပြီး တစ်ရက်လောက်ကြည့်ချင်ပါရဲ့..ဒီလိုပုံစံနဲ့ ၀န်ထမ်းတွေကို ဘယ်လိုများ အုပ်ချုပ်လဲဆိုတာ..။

သူတို့နိုးလာတာက ညနေတောင်စောင်းနေပြီ..မကြာခင်နေ၀င်တော့မယ်..။

"Sing..ငါတို့ ဒီနေ့ ပင်လယ်ထဲမဆင်းရတော့ဘူးပေါ့နော်.."

Krist..က ပင်လယ်ပြင်ကြီးကိုကြည့်ပြီး..စားစရာတြွေပင်ဆင်နေတဲ့ Singtoကိုလှမ်းမေးတယ်..။

"ကျတော်တို့..ဒါစားပြီးရင်..လမ်းလျှောက်ကြမယ်လေ..အစာကြေအောင်..ပြီးတော့..လေကောင်းလေသန့်ရှုရင်းပေါ့..မနက်ဖြန်လောက်မှ..ကျတော်တို့ ရေဆင်းကူးကြမယ်..အခုကတော့ နည်းနည်းလောက်သည်းခံလိုက်လေ..နော်..."

Singtoအပြောကိုသူ လေးလေးကန်ကန်ခေါင်းငြိမ့်လိုက်တယ်..မငြိမ့်လို့လည်းမရတော့ဘူးလေ..သူတို့တော်တော်အိပ်လိုက်တာကို..သူဆို..မျက်လုံးတစ်ခုလုံးဖောင်းအစ်နေတာ..။

Love born with you (Z/U)Where stories live. Discover now