Love born with you 27

591 67 6
                                    

Love born with you

Part(27)

(Zawgyi)

"ကိုကိုးး..."

အသံတစ်ဆာဆာနှင့် အော်ကာ အခန်းထဲ ၀င်ရောက်လာသည့် ညီမလေးကြောင့် သူ အိပ်နေရာမှ ထကာ ထိုင်လိုက်သည်..။

"အား..ကျစ်..ကျစ်..."

ထိုးကိုက်လာသော ခေါင်းက မခံနိုင်စွာ..။

ပွဲပြီးကတည်းက ပြန်လာပြီး အိပ်ပျော်သွားခဲ့သည်..နေ့ကော ညကော ပင်ပန်းတာကြောင့်ကော.. စိတ်ကော လူကော ပင်ပန်းတာကော စုပေါင်းပြီး တစ်ကိုယ်လုံး ပါးအင် ချိနဲ့ပြီး မလှုပ်ချင်.. သူ့ကြောင်ပေါက်လေးကြောင့်သာ သူထထိုင်လိုက်ခြင်းပင်..သူစိတ်နှင့်သူဆိုရင် သူအိပ်သာအိပ်နေချင်တော့သည်...။

"ကြောင်ပေါက်..ဘာဖြစ်လာတာလဲ..အော်လာလိုက်တာ အိပ်နေတဲ့ ကိုကိုတောင်လန့်တယ်..."

"ကိုကိုးး..အဟင့်..."

သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လာတဲ့ ကြောင်ပေါက်လေးကြောင့် သူခဏတော့ ကြောင်အသွားမိသည်..။

"ဟိုကောင်စုတ်..Singto..ကျောင်းပြောင်းသွားပြီတဲ့.."

"အော်..."

သူနောက်ဆုံးတော့ သဘောပေါက်လိုက်ပါပြီ..။

"အဲ့ကောင်စုတ်..ကိုကို့ ကိုလုပ်ရက်တယ်..တွေ့ရင် အရေခွံ့စုတ်ပစ်မယ်..အဟင့်.."

ဒေါသတကြီး ဖြစ်နေတဲ့ ကြောင်ပေါက်လေးရဲ့ ခံစားချက်ကို နားလည်ပေမဲ့ သူ ဘာမှကို မကြားချင်သေး..။

"Kat..ညီမလေး..ကိုကို ပင်ပန်းနေလို့ နောက်မှ ဒီအကြောင်း ပြောရအောင်နော်..."

သူ့အသံကြားတော့ ညီမလေး Katက သူ့ရင်ခွင်ထဲက ထွက်လာသည်..။

"ကိုကို အဆင်ပြေရဲ့လားဟင်.."

"အင်း..ကိုကို အဆင်ပြေပါတယ်..ခေါင်းနည်းနည်းကိုက်နေလို့ပါ.."

"ကြောင်ပေါက်လေး ဆေးဝယ်ပေးရမလားကိုကို.."

"ရပါတယ်..ညီမလေးရဲ့ ကိုကိုနားလိုက်ရင် သက်သာသွားမှာပါ.."

သူမကိုပြောနေတဲ့ ကိုကို့ရဲ့မျက်ဝန်းတွေက ဆွေးမြေ့နေသလို..ကိုကို Singtoကို ဘယ်လောက်ချစ်လဲ သူမ သိသည်..အခုလည်း သူများတွေလို ရန်ဖြစ်တယ်ထင်နေခဲ့တာ..ဒီနေ့မှ Singtoက ကျောင်းပြောင်းသွားတယ်လို့ သိခဲ့ရပြီး ကိုကို အလုပ်ကို သဲကြီးမဲကြီး လုပ်နေရတဲ့အကြောင်းကို မေမေ ကပြောပြတယ်..။

Love born with you (Z/U)Where stories live. Discover now