#Unicode
ဒီနေ့ရုံးပိတ်ရက်ဖစ်သော်လည်း ဂျောင်ဂုတစ်ယောက်မနားရ အလုပ်တွေအိမ်အထိသယ်လာကာလုပ်နေရသည် ဟိုဆော့ကလည်းခုထိပြန်မရောက်သေးတာမို့ တစ်ယောက်ထဲဒိုင်ခံဖြေရှင်းနေရသည်
"အဂီလို့အဂီရေ ဂျင်ဂျင် အဂီကောဟင်"
"အပြင်ခနသွားတယ် ဝယ်စရာရှိလို့တဲ့"
"ဟုတ်လား အာ့ဘာလုပ်နေတာလဲ ဂျင်ဂျင်က"
"ကော်ဖီဖျော်နေတာလေ"
"ဘသူ့အတွက်လဲ"
"သခင်လေးကိုဒေါသအတွက်"
"ဟုတ်လား အာ့ဆိုထယ်ထယ်သွားပို့ပေးမယ်ပေးပေး"
လက်ထဲကကော်ဖီခွက်ကိုလှစ်ခနဲယူကာ အပေါ်ပြေးတက်သွားတော့
"ဟယ် ထယ်ရေချော်လဲနေအုံးမယ် အော်ဒီကလေးနှယ်"
အခန်းတံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ဟိုကောင်လေး မသိချင်ယောင်ဆောင်ပြီးကိုယ့်အလုပ်ကိုယ်သာဆက်လုပ်နေလိုက်တယ်
ဖြစ်ချင်တော့ ကော်ဖီခွက်ထားမို့အခန်းထဲဝင်လာတော့ ခြေချော်ပြီးဂျောင်ဂုရဲ့စာရွက်စာတမ်းတွေအပေါ်ကော်ဖီတွေအကုန်ဖိတ်ကုန်တော့သည်
"ဟာ သွားပြီ တောက်စ် မင်းဘလိုလုပ်လိုက်တာလဲ အကုန်ပြန်လုပ်ရတော့မယ်"
ဂျောင်ကု ဒေါသတကြီး အော်လိုက်တာကြောင့် ကိုယ်လေးမှာတုန်တက်သွားသည် နောက်ဆက်တွဲအနေနဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်လေးတွေပါတွဲခိုလာတယ်
"ကော်ဖီလေးတစ်ခွက်တောင် ဖြောင့်အောင်မပို့နိုင်ဘူးလား ဟမ် ငါ့မှာတနေကုန်လုပ်ထားရတာ အခုတော့မင်းကြောင့်အကုန်ပျက်စီးကုန်ပြီ အသုံးကိုမကျဘူး"
ထယ်လည်းဘာမှပြန်မပြောဘဲ ထိုနေရာမှာသာတောင့်တောင့်ကြီးရပ်နေမိတယ်
ခနကြာတော့ အိမ်တော်ထိန်းမင်လည်း အသံကြားတာနဲ့ ဂျောင်ဂုအခန်းထဲရောက်လာပြီး အခြေအနေလှည့်ပတ်ကြည့်လိုက်တော့မှ သဘောပေါက်သွားကာ
"ကျနော်တောင်းပန်ပါတယ်သခင်လေး ထယ်လေးက မတော်လို့ဖစ်သွားတာပါ ကျနော်ခနနေလာရှင်းခိုင်းလိုက်ပါ့မယ်"