8💗

4.1K 426 63
                                    

#Unicode

တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဂျောင်ဂုမျက်မှောင်တချက်ကြုံ့မိသည်

"ဘာလာလုပ်တာလဲ"

"လာလည်တာလေသခင်လေးရဲ့ ဒယ်ဂူကပါတဲ့လက်ဆောင်လေးတွေရယ် ပြီးတော့မုန့်တွေကောပါလာတယ်လေ အိမ်ထဲဝင်ခိုင်းပါအုံးသခင်လေးရဲ့"

ဟိုဆော့စကားကိုဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသာဝင်လာခဲ့သည် အနောက်ကသုံးယောက်ကလည်းကော့တော့ကော့တော့နဲ့ အိမ်ထဲလိုက်လာသည်

တကယ်ဆိုBabyနဲ့အေးအေးဆေးဆေးနေချင်လို့စာဖိုမှူးကြီးကိုတောင် ခွင့်ပေးလိုက်တာကို အရှုပ်ထုပ်တွေကအိမ်အထိလိုက်လာတယ်

"မင်းရဲ့သားလေးကော"

ဟိုဆော့Hyungပြောမှsofaပေါ်ကိုကြည့်မိတော့ ထိုကလေးကမရှိတော့

"ဟမ် ဂျောင်ဂုကသားရနေပြီ"

"ဟုတ်တယ်လေ ဒီကောင်မွေးစားထားတာ ကောင်လေးကချစ်စရာလေး"

ဟိုဆော့ပြောလိုက်တော့ ကျန်နှစ်ယောက်ရုပ်ကတော့ကြောင်စီစီဖြင့် နမ်ဂျွန်းကလည်း​ဟို​ေဆာ့ပြောသမျှကို အဟုတ်ကြီးမှတ်ကာပါးစပ်ကလေးဟပြီး နားထောင်နေသည်

​ဂျောင်ဂုကတော့ ဟိုဆော့ပြောနေတဲ့ ပေါက်တတ်ကရစကားတွေကိုဖြေရှင်းချက်မပေးနိုင်သေး Babyပေါက်ကိုသာလိုက်ရှာနေမိသည်

ခနနေတော့ မီးဖိုချောင်ထဲကတွေ့လိုက်တဲ့ အရိပ်သေးသေးလေး

"ဘာလုပ်နေတာလဲ Babyရယ်"

"သူတို့ကဘသူတွေလဲဟင် ထယ်ထယ်ကြောက်လို့"

"သူတို့ကလူကောင်းတွေပါ ကိုယ့်သူငယ်ချင်းတေ ကိုယ်ရှိတယ်ဘသူ့မှကြောက်စရာမလိုဘူး"

ဘာမှပြန်မပြောဘဲခေါင်းတငြိမ့်ငြိမ့်လုပ်နေတဲ့ ကလေးပေါက်ကိုလက်ဆွဲပြီးသာ ဧည့်ခန်းထဲခေါ်လာခဲ့​လိုက်တယ်

ဟိုဆော့Hyungတို့ကိုမြင်တာနဲ့ လူနောက်ဝင်ပုန်းနေတဲ့ ဘေဘီပေါက်စကြောင့် လူရှေ့ကိုဆွဲခေါ်ပြီး

"နှုတ်ဆက်လိုက်လေ Baby"

ပြောလိုက်တော့လည်းမျက်လုံးလေးပေကလပ်ပေကလပ်နဲ့

Baby Boy💗Where stories live. Discover now