#Unicode
စကားပြောပြီးတာနဲ့ မိမိစားပွဲဝိုင်းကိုပြန်လာတော့ ထိုင်ခုံမှာမရှိတဲ့Babyပေါက်စကြောင့် ရင်ကထိတ်ခနဲ
အနီးအနားကိုမျက်လုံးကစားကြည့်တော့လည်း အရိပ်အယောင်ပင်မတွေ့ရသည်မို့ စိုးရိမ်မှုတွေကငယ်ထိပ်ထိဆောင့်တက်လာသလို
"ဒီနားက ကောင်လေးကိုတွေ့မိသေးလား"
"ဒီနားမှာအစောကထိုင်နေတဲ့ ဖြူဖြူသေးသေးကောင်လေးကိုတွေ့မိသေးလားလို့"
"မေးနေတယ် မကြားကြတာလား"
"ငါမေးနေတယ်လေ"
ဒေါသတကြီးအော်ဟစ်နေတာမို့ ပွဲထဲကအကုန်လုံးရဲ့အကြည့်တွေကဂျောင်ဂုဆီမှာသာ အခုချိန်မှာသူဘာမှဂရုမစိုက်နိုင် ပျောက်နေတဲ့ Babyပေါက်စကိုတွေ့ဖို့သာအရေးကြီးသည်
"ဟို ဟိုအစောက လူတစ်ယောက်ပွေ့ခေါ်သွားတယ်"
ပြောလိုက်တော့ ထိုလူရဲ့အကျီကော်လံစကိုဆွဲပြီး
"ဘယ်သူခေါ်သွားတာလဲ ဘယ်ကိုခေါ်သွားတာလဲလို့"
>>>>>>>
ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ကောင်လေးကို တဏှာမျက်လုံးများဖြင့် ခေါင်းအစခြေအဆုံးကြည့်ကာ သရေတမျှမျှဖြစ်နေသော လူတစ်ယောက်
"မင်းကတကယ်အလှလေးဘဲ နှမြောပေမယ့် ငါကလှလွန်းတဲ့ပန်းလေးတွေကိုဖျက်စီးတတ်တာ ဝါသနာမို့ ဟက်"
*ဒုန်း*
ဂျောင်ဂုတံခါးကိုဝုန်းခနဲဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသကထောင်းခနဲ
Babyပေါက်စအပေါ်အုပ်မိုးထားတဲ့ အပေါ်ပိုင်းဝတ်လစ်စလစ်ဖြစ်နေတဲ့ထိုလူရဲ့ခန္ဓာကိုယ်ကို ကုတင်အောက်ဆွဲချကာ
"ခွေးသား တဏှာရူးကောင်"
ပါးစပ်ကဆဲဆိုသံများနှင့်များနှင့်အတူ ထိုလူရဲ့မျက်နှာပေါ်ကိုကျရောက်လာသောလက်သီးချက်များ
"မင်းကများ ရာရာစစ ငါ့အပိုင်ကို ထိဖို့ကြိုးစားတယ် ခွေးကောင်"
အငိုက်မိသွားတာမို့ ဂျောင်ဂုရဲ့ထိုးနှက်ချက်များအောက်တွင် ထိုလူမှာတော့မျော့မျော့သာကျန်တော့သည်